News @ M-Media

အမေရိကန်ရှိ အစွန်းရောက်များ၏ အင်အားပြပွဲတွင် ဓားထိုးမှု ဖြစ်ပွား

ဇွန် ၂၈၊ ၂၀၁၆
M-Media

white

– ကယ်လီဖိုးနီးယားပြည်နယ် ဆာခရာမန်တိုမြို့မှာ ပြုလုပ်ခဲ့တဲ့ နာဇီဝါဒထောက်ခံသူ လူဖြူအစွန်းရောက်များရဲ့ အင်အားပြမှုအတွင်း ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးလောက် ဓားထိုးခံခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဆာခရာမန်တိုမီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ခရစ်ဟာဗေးက ဒဏ်ရာရသူ အနည်းဆုံး ၇ ဦးခန့်ဟာ ဓားထိုးဒဏ်ရာများ ရရှိခဲ့တာဖြစ်ပြီး နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေရှိကာ နောက်ထပ် ၉ ယောက်ကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေရဲ့ အဲဒီ အင်အားပြလမ်းလျှောက်ပွဲမှာ၊ နာဇီဆန့်ကျင်သူအုပ်စု ရာပေါင်းများစွာနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ မျက်မြင်သက်သေတွေရဲ့ ပြောကြားမှုအရ ရုန်းရင်းဆန်ခတ်မှုဟာ မိနစ် ၂၀ လောက်ကြာခဲ့ကာ ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နှင်းမှသာ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

ချီတက်ပွဲကို လူဖြူလူမျိုးကြီးဝါဒီအဖွဲ့လို့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ TWP ပါတီက စီစဉ်ခဲ့တာဖြစ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ဆန့်ကျင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ အခြားသော လူဖြူအစွန်း ရောက်အုပ်စုတွေလည်း ပါဝင်ခဲ့ပါတယ်။

Ref : Presstv

Comments

Leave a Reply