News @ M-Media

S&P က အီးယူနှင့် ဗြိတိန်တို့အတွက် ကြွေးမြီ ယုံကြည်စိတ်ချရမှု အဆင့်များကို လျှော့ချ

ဇူလိုင် ၂၊ ၂၀၁၆
M-Media

britain 2

– ပြီးခဲ့တဲ့တစ်ပတ်က လူထုဆန္ဒခံယူပွဲကျင်းပကာ ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်ထွက်ခွာပြီးနောက်ပိုင်း အမေရိကန်ငွေကြေးဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ S&P (Standard and Poor’s) ကုမ္ပဏီကနေ EU အတွက် အကြွေးပေးရန် ယုံကြည်စိတ်ချရမှု အဆင့်ကို လျှော့ချလိုက်ပါတယ်။

ဥရောပဟာ ရင်းနှီးမြှုပ်နှံအတွက် အာမခံချက်ရှိတဲ့ အခြေအနေမျိုး ဆုံးရှုံးသွားတဲ့အတွက်ကြောင့် အကြွေးပေးရန် ယုံကြည်စိတ်ချက်ရမှု အဆင့်ကို AA+ ကနေ AA ကို လျှော့ချလိုက်တာဖြစ်တယ်တို့ S&P က ယမန်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဗြိတိန်ရဲ့ ထွက်ခွာမှုက ဥရောသမဂ္ဂမှာ ကျန်ရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘက်ဂျက်နဲ့ ပေါ်လစီပိုင်းဆိုင်ရာ ဦးစားပေးရမယ့် ကိစ္စတွေကို ရှုပ်ထွေးစေမှာဖြစ်ပြီး အီးယူရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကိုလည်း အားနည်းသွားစေမယ်လို့ ဆိုပါတယ်။

“ရှေ့လျှောက် အီးယူရဲ့ ၀င်ငွေခန်းမှန်းချက်တွေ၊ ရေရှည်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ၊ ဘဏ္ဍာရေး တောင့်ခံနိုင်စွမ်းအတွက် ချိန်ညှိမှုတွေဟာ တော်တော်လေး မသေချာမရေရာမှုတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” လို့ S&P က ထပ်လောင်းပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ကလည်း S&P ကုမ္ပဏီဟာ ဗြိတိန်အတွက် အကြွေးပေးရန် ယုံကြည်စိတ်ချရမှု အဆင့်ကို AAA ကနေ AA အဆင့်အထိ လျှော့ချလိုက်ပြီး ဒါဟာ ဗြိတိန်စီးပွားရေးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

 

Ref: Presstv

Comments

Leave a Reply