News @ M-Media

အမေရိကန်တွင် ပစ်ခတ်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံး

ဇူလိုင် ၁၈၊ ၂၀၁၆
M-Media

law

– အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာတန်ရုဂ်ျတွင် လူမည်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်တွင် သနတ်ကိုင်ဆောင်ထားသော လူတစ်ဦးရှိနေသည်ဆိုသည့် ဖုန်းဖြင့်သတင်းပေးမှုကို ရဲတပ်ဖွဲ့က တုန့်ပြန်ဆောင်ရွက်မှုအတွင်း ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ပြီး သေနတ်သမားမှာလည်း ထိုအဖြစ်အပျက်အတွင်း သေဆုံးခဲ့သည်။

အမေရိကန်မီဒီယာများကမူ အဆိုပါ သေနတ်သမားမှာ ဂါဗင် လောင်းဆိုသူ လူမည်းတစ်ဦးဖြစ်ကာ မစ်ဇူရီပြည်နယ် ကန်းနက်စ်မြို့မှဖြစ်သည်ဟု ဖော်ပြကြသည်။ သို့သော်လည်း လူမည်းများ ပစ်သတ်ခံရမှုကို အခြေခံကာ မကြာသေးမီက ဖြစ်ပွားခဲ့သော မငြိမ်းသက်မှုများနှင့် ထိုပစ်ခတ်မှု ဆက်စပ်လျက်ရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှု၏ နောက်ကွက်က လှုံ့ဆော်သည့် အကြောင်းအရင်းကို ပြောကြားခြင်း မရှိပေ။

Ref: Aljazeera

Comments

Leave a Reply