News @ M-Media

ရန်ကုန်တွင် မိုးပျံရထားလမ်း ဖောက်လုပ်ရန် လျာထား

ဇူလိုင် ၃၁၊ ၂၀၁၆
M-Media

yangon
ဘန်ကောက်မှ မိုးပျံရထားလမ်း မြင်ကွင်း

– ရန်ကုန်မြို့တွင်း ကားကြပ်သည့်ပြဿနာကို ဖြေရှင်းရေး ကြိုးစားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ မိုးပျံရထားလမ်းကို တည်ဆောက်ရန် စဉ်စားနေသည်ဟု နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

Global New Light of Myanmar တွင် ဖော်ပြခဲ့ခြင်ဖြစ်ပြီး စီမံကိန်းအသေးစိတ် မပါရှိပေ။ အဆိုပါ မိုးပျံမြို့ပတ်ရထားလမ်းမှာ မြေပြင်မှ အမြင့်ပေ ၆၀ တွင် ရှိမည်ဖြစ်ပြီး အချို့ရထားဘူတာများမှာ ဈေးဝယ်စင်တာများ ပါဝင်သည်အထိ ကြီးမားမည်ဟု ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးမင်းဇော်က ပြောကြားခဲ့သည်။

ထို့သော်လည်း ထိုစီမံကိန်းမှာ လျာထားဆဲအဆင့်သာဖြစ်ပြီး အမှန်တကယ်ဖြစ်ပေါ်လာမည်လာဆိုသည့်မှာ မသေချာသေးပေ။

Ref: yangon.coconuts

Comments

Leave a Reply