ဇူလိုင် ၃၁၊ ၂၀၁၆
M-Media
– မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး အီရတ်စစ်တပ်နှင့် မဟာမိတ်များက အင်အားမြှင့် ဆောင်ရွက်လာသည့်အချိန်တွင် ထိုမြို့ရှိ IS တပ်မှူးများမှာ တိမ်းရှောင်သွားကြပြီဟု အီရတ်ကာကွယ်ရေးဝန်ကြီး ခါလစ် အလ်-အိုဗေဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
အီရတ်နိုင်ငံတွင် IS အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ထားသည့် တစ်ခုတည်းသောမြို့ဖြစ်သော မူဆိုးလ်မြို့ လွတ်မြောက်ရေးအတွက် အီရတ်စစ်တပ်မှာ ပြီးခဲ့သည့် လအနည်းငယ်ကတည်းက ပြင်ဆင်လာခဲ့ပြီး မကြာမီ ထိုးစစ်ကြီးတစ်ခု ဆင်နွှဲမည့် အလားအလာ ရှိနေသည်။
ဝန်ကြီးကမူ IS တပ်မှူးအချို့မှာ မူဆိုးလ်မြို့ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်ဟု Irqiya ရုပ်သံသို့ ပြောကြားခဲ့သည်။
အီရတ်စစ်တပ်မှာ မြို့တော်ဘဂ္ဂဒတ် အနောက်ဘက်ရှိ ဖာလူဂျာမြို့ကို ပြီးခဲ့သည့်လတွင် IS လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
Ref: Press TV


Leave a Reply
You must be logged in to post a comment.