News @ M-Media

ပါကစ္စတန်ရှိ အလ်ဟူဒါစင်တာက အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ဆုတစ်ခု ဆွတ်ခူး

သြဂုတ် ၈၊ ၂၀၁၆
M-Media

al huda

– ပါကစ္စတန်အခြေစိုက် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ အလ်ဟူဒါ (CIBE) စင်တာမှာ ၂၀၁၅-၁၆ ခုနှစ်အတွက် အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အကောင်းဆုံး အသိပညာပေးသူအဖြစ် နိုင်ငံတကာ ဆုတစ်ခုကို မကြာသေးမီက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

တောင်အာရှ အစ္စလာမ့်ဘဏ္ဍာရေးဖိုရမ် (IFFSA) က ချီးမြှင့်သည့် ဆုဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပခဲ့သော ဆုပေးပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှ ဘဏ္ဍာရေး၊ အရင်းအနှီးဈေးကွက်နှင့် ဆက်စပ်နေသော ကိုယ်စားလှယ်များ၊ ဗဟိုဘဏ်၊ စီးပွားရေးဘဏ်များမှကိုယ်စားလှယ်များ၊ ဘဏ်အမှုဆောင်အရာရှိများ တက်ရောက်ခဲ့သည်ဟု CIBE အမှုဆောင်ချုပ် မိုဟာမက် ဇူဘဲရ် မူဂါလ်က စနေနေ့တွင် ပြောကြားခဲ့သည်။

အစ္စလာမ်မစ်ဖွံ့ဖြိုးရေးဘဏ် (ICD) ၏ ၂၀၁၅ အစီရင်ခံစာအရ CIBE မှာ နှီးနှောဖလှယ်ပွဲများ စီစဉ်ရာတွင်လည်းကောင်း၊ အစ္စလာမ့်ဘဏ်စနစ်နှင့် ငွေကြေးလုပ်ငန်းအတွက် ကမ္ဘာတစ်ဝှမ်း သင်တန်းပေးရာတွင် လည်းကောင်း ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး အစ္စလာမ့်ဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာ ညီလာခံများ စီစဉ်ရာတွင် အဆင့် ၃ နေရာ၌ ရှိကြောင်း သိရသည်။

မူဂါလ်ကမူ မိမိတို့စင်တာမှာ လွန်ခဲ့သည့် ၁၁ နှစ်တာကာလအတွင်း နိုင်ငံပေါင်း ၄၀ ကျော်၌ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးမှုနှင့် စွမ်းဆောင်ရည်မြင့်တက်ရေးအစီအစဉ်ပေါင်း ၁၀၀၀ ကျော် ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံပေါင်းမျာစွာမှာ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများ၊ အစ္စလာမ့်နည်းကျ ငွေချေးကုမ္ပဏီများ၊ အစ္စလာမ့်နည်းကျ ရန်ပုံငွေနှင့် အသေးစား ငွေချေးလုပ်ငန်းများ ထူထောင်ရာတွင် မိမိတို့အနေဖြင့် အကြံဉာဏ်များပေးခဲ့သည်ဟု ဆိုသည်။

CIBE မှာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း အမျိုးမျိုးနှင့်ပတ်သက်၍ အွန်လိုင်းသင်ခန်းစာများကိုလည်း သင်ကြားပေးနေသည်။

Ref : IINA

Comments

Leave a Reply