သြဂုတ် ၇၊ ၂၀၁၆
M-Media
– ဟဂ်ျနှင့် အွမ္မရာပြုလုပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်များကို စမတ်ဖုန်းများဖြင့် အလွယ်တကူ ကြည့်ရှုနိုင်မည့် Hajj-e-Mabroor အက်ပလီးကေးရှင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆိုပါဆော့ဖ်ဝဲကို နာမည်ကြီး အစ္စလာမ့်ဓမ္မပညာရှင် ဒေါက်တာ မိုဟာမက် နာဂျစ်ဘ် ကွာစ်မီက စီစဉ်ဖန်တီးခဲ့ခြင်းဖြစ်သည်။
အူရဒူ၊ အင်္ဂလိပ်နှင့် ဟင်ဒီဘာသာစကားများဖြင့် အသုံးပြုနိုင်မည့် အဆိုပါဆော့ဖ်ဝဲကို iPhone နှင့် Android နှစ်မျိုးစလုံးအတွက် ရရှိနိုင်မည်ဖြစ်ပြီး Play Store နှင့် App Store များတွင် Hajj-e-Mabroor သို့မဟုတ် Najeeb Qasimi ဟု သော အမည်များဖြင့် ရှာဖွေကာ အခမဲ့ ထည့်သွင်းနိုင်မည်ဖြစ်သည်။
ထိုဆော့ဖ်ဝဲတွင် ဟဂ်ျနှင့်အွမ္မရာပြုလုပ်ခြင်းဆိုင်ရာ စာအုပ်လေးအုပ်၊ သင်ခန်းစာ ၉ ခု၊ ဟဂ်ျနှင့်အွမ္မရာပြုလုပ်ပုံနည်းလမ်း၊ ရုပ်ပုံဖြင့် ဖော်ပြချက်၊ တစ်နာရီစာ အမေးအဖြေများနှင့် ဆောင်းပါး ၂၃ ပုဒ် ကို ၀င်ရောက်ဖတ်ရှုနိုင်မည် ဖြစ်ပြီး ဟဂ်ျကျင့်စဉ်များ ပြုလုပ်ရမည့် မက္ကာဟ်၊ မီနာ၊ မွတ်ဇ်ဒါလီဖာနှင့် အာရာဖတ် ခရီးစဉ်တစ်လျှောက်လုံးအတွက် အသုံးဝင်မည်ဖြစ်သည်။
အက်ပလီကေးရှင်းတွင် ပါဝင်သည့် အကြောင်းအရာအားလုံးမှာ ဟဂ်ျပြုသူဦးရေ တိုးပွားလာမှု၊ မစ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့ထားမှု အပါအ၀င် လက်ရှိ ဟဂ်ျပြုရမည့် အခြေအနေများနှင့် ကိုက်ညီစွာ ရေးသားထားခြင်းဖြစ်ပြီး ဟဂ်ျပြုသူတစ်ဦးအနေဖြင့် ထိုဆော့ဖ်ဝဲကို ဆောင်ထားပါက လုံလောက်မည်ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ဓမ္မတက္ကသိုလ်များနှင့် အသင်းအဖွဲ့များမှာ ထိပ်တန်းဓမ္မပညာရှင်များကလည်း ထိုအက်ပလီကေးရှင်းအတွက် ထောက်ခံချက်များကို ရေးပေးထားသည်။
Ref : IINA
Leave a Reply
You must be logged in to post a comment.