သြဂုတ် ၂၀၊ ၂၀၁၆
M-Media
– ယမန်နေ့က ဆောက်သက်တမ်အသင်းနှင့်ပွဲတွင် မိမိတို့အသင်းအနေဖြင့် ဂိုးပိုရသင့်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး တိုက်စစ်မှူးသစ် ပေါ့ဘာကိုလည်း ချီးကျူးခဲ့သည်။
၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါ ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူမှာ တစ်ပွဲလုံး စိုးမိုးထားနိုင်ခဲ့ပြီး အီဗာရာဟီမိုဗစ်က အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းပေးခဲ့သည်။ မော်ရင်ဟိုကမူ အသင်း၏ကစားပုံကို ကျေနပ်သော်လည်း ဂိုးပိုလိုချင်နေသည်။
“အနိုင်ရလောက်အောင်၊ ပွဲကို ထိန်းချုပ်နိုင်လောက်အောင် ကျွန်တော်တို့ ကောင်းခဲ့ပါတယ်။ ကစားမားတွေ ဘောလုံး ပိုင်ဆိုင်တဲ့အချိန် ပိုများခဲ့တယ်။ ဒါပေမယ့် သူတို့ တစ်ဖက်အသင်းကို အန္တရာယ်မပေးနိုင်ခဲ့ဘဲ ဘောလုံးကိုင်ထားတာပဲ ရှိပါတယ်။ ဂိုးရလဒ်က ဒီ့ထက် ပိုများရမှာပါ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် မန်ယူနှင့် ဒုတိယမြောက် ပွဲထွက်ခဲ့သည့် ပေါ့ဘာကိုလည်း ၎င်းက ချီးကျူးခဲ့သည်။
“သူကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အားလုံးကောင်းပါတယ်။ တစ်ဦးချင်းမှာ သူ တော်တော်လေးကောင်းတယ်။ အသင်းလိုက်မှာတော့ သူ အသင်းနဲ့အံဝင်အောင် သင်ယူနေရတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.