သြဂုတ် ၂၃၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံတွင် ၀င်ရောက်နေသည့် အင်အားပြင်း တိုင်ဖုန်း မင်ဒူလီကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
ယမန်နေ့ နေ့လည်ပိုင်းက ကုန်းတွင်းပိုင်းသို့ ၀င်ရောက်လာခဲ့သည့် အဆိုပါမုန်တိုင်းမှာ ဂျပန်မြို့တော် တိုကျိုမှ မြောက်ဖက် တိုဟိုကူဒေသသို့ ဦးတည်ရွေ့လျားနေပြီး၊ လေတိုက်နှုန်းမှာ တစ်နာရီတွင် ကီလိုမီတာ ၁၈၀ အထိ ရှိနေသည်ဟု ဂျပန် မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသွားသူမှာ ကာနာဂါဝါစီရင်စုမှ အသက် ၅၈ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရေစီးနှင့် မျောပါသွားပြီးနောက် ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။ ဒဏ်ရာရသူများမှာလည်း ဒါဇင်နှင့်ချီ ရှိနေပြီး အများစုမှာ လေပြင်းကြောင့် အရာဝတ္ထုများ ပြုတ်ကျရာမှ ထိခိုက်မိခြင်းဖြစ်သည်။
လက်ရှိတွင် ဂရိတ်တားတိုကျိုဒေသနှင့် အနောက်မြောက်ဖက်မှ ပြည်သူသိန်းချီကို ၎င်းတို့အိမ်များမှ ထွက်ခွာရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
တိုင်ဖုန်း မင်ဒီလီမှာ နိုင်ငံအရှေ့မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းသို့ ဦးတည်နေပြီး ထိုဒေသနှင့် နိုင်ငံအရှေ့ပိုင်းတွင် မြေပြိုမှုများ၊ ရေကြီးမှုများ၊ ဒီရေတက်မှုများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက သတိပေးထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.