News @ M-Media

လက်တော့ကွန်ပျူတာကို မျိုးစေ့ချပေးခဲ့သူ ဂျွန် အဲလန်ဘီ ကွယ်လွန်

သြဂုတ် ၂၉၊ ၂၀၁၆
M-Media

compass

– ယနေ့ခေတ် လက်တော့ကွန်ပျူတာများ၏ ရှေ့ပြေး ကိရိယာတစ်ခုကို ပထမဆုံး တီထွင်ဖန်တီးခဲ့သူ ဗြိတိန်အင်ဂျင်နီယာ ဂျွန် အဲလန်ဘီ ကွယ်လွန်ခဲ့ပြီဟု မိသားစုက ယမန်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

Grid Systems ကုမ္ပဏီ၏ အကြီးအကဲဖြစ်ပြီး အသက် ၇၅ နစ်အရွယ် အဲလန်ဘီမှာ သြဂုတ်လ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းသားဖြစ်သူ သောမတ်စ်က CNNMoney သို့ ပြောကြားခဲ့သည်။

စားပွဲတင်ကွန်ပျူတာများ စတင်ခေတ်စားချိန် ၁၉၈၂ ခုနှစ်မှာပင် လက်တော့ကွန်ပျူတာ၏ ရှေ့ပြေးဖြစ်သော Comapss ဆိုသည့် ကိရိယာကို အဲလန်ဘီက တီထွင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ထိုစက်တစ်လုံးမှာ ကန်ဒေါ်လာ ၈၁၅၀ ရှိခဲ့သည်။ (ယနေ့ခေတ်နှင့်တွက်ပါက ဒေါ်လာ ၂၀၃၂၄ ရှိသည်)

jhon

ထိုစက်ကို သာမန်လူတန်းစားများ ၀ယ်ယူနိုင်ခြင်းမရှိသော်လည်း နာဆာကဲ့သို့ အစိုးရအေဂျင်စီများအကြားတွင် ရေပန်းစားခဲ့သည်။

အဲလန်ဘီမှာ Grid ကို မတည်ထောင်ခင် Palo Alto သုတေသနစင်တာတွင် အလုပ်လုပ်ခဲ့ပြီး Apple ၏ Lisa နှင့် Mac စားပွဲတင်ကွန်ပျူတာများ ဖြစ်ပေါ်လာရန်အတွက် အုတ်မြစ်ချပေးခဲ့သည်။ ထို့နောက် ပထမဆုံး Tablet ကုမ္ပဏီတစ်ခုဖြစ်သော Agilis ကိုလည်း အဲလန်ဘီက တည်ထောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် GeoVector ကုမ္ပဏီဖြင့် လမ်းကြောင်းပြ ကိရိယာနယ်ပယ်ကို တစ်ခေတ်ဆန်းစေခဲ့သည်။

Ref: engadget, CNN

Comments

Leave a Reply