သြဂုတ် ၂၉၊ ၂၀၁၆
M-Media
– မိမိအနေဖြင့် ဘယ်လ်ဂျီယံအသင်း၏ လက်ထောက်နည်းပြ ဖြစ်လာသည့်အတွက် စိတ်လှုပ်ရှားမိပြီး အသင်းမှာလည်း သမိုင်းရေးထိုးနိုင်လိမ့်မည်ဟု သီယာရီ ဟင်နရီက ပြောကြားလိုက်သည်။
အာဆင်နယ်တိုက်စစ်မှူးဟောင်းဖြစ်သူ ဟင်နရီမှာ ပြီးခဲ့သည့်တစ်ပတ်က ဘယ်လ်ဂျီယံ လက်ထောက်နည်းပြ မာတီနက်ဇ်၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ ဟဇာ့ဒ်၊ ဒီဘရူနီ၊ လူကာကူတို့နှင့် တောင့်တင်းသည့် ဘယ်လ်ဂျီယံအသင်းမှာ ဇွန်လက ကျင်းပပြုလုပ်ခဲ့သော ယူရို ၂၀၁၆ တွင် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ကွာတားဖိုင်နယ်ကို မကျော်နိုင်ခဲ့ပေ။
သို့သော်လည်း ဟင်နရီကမူ ဘယ်လ်ဂျီယံမှာ သမိုင်းရေးထိုးနိုင်လိမ့်မည်ဟု ဆိုသည်။
“စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်ရမယ့်အလုပ်က အသင်းရဲ့စိတ်ဓာတ်ကို အသင်းကြီးတစ်သင်းရဲ့စိတ်ဓာတ်မျိုးဖြစ်အောင် လုပ်ရမှာပါပဲ။ ကျွန်တော်က လက်ထောက်ပါ။ ရော်ဘတ်တို (မာတီနက်ဇ်) ကတော့ အဓိကပေါ့ဗျာ။ အသင်းရဲ့တည်ဆောက်ပုံ၊ အသင်းရှေ့ဆက်ပြီး အောင်မြင်အောင် ကျွန်တော် ကူညီသွားမှာဖြစ်ပြီး ဒီအသင်းဟာ သမိုင်းရေးထိုးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ သူတို့ကိုယ်တိုင် ယုံကြည်ထားရမယ့် အရာပါပဲ” ဟု ဟင်နရီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.