News @ M-Media

မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော

သြဂုတ် ၃၀၊ ၂၀၁၆
M-Media

man u

– အသင်းမှ ချန်လှပ်ခံရခြင်းမှာ နည်းပြမော်ရင်ဟိုနှင့် ပြဿနာရှိ၍ မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဘက်စတီယန် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်ပြီး၊ ပုံမှန်နေရာရရန် ကြိုးစားသွားမည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လက မန်ယူသို့ရောက်ရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ နည်းပြသစ် မော်ရင်ဟို၏ လက်အောက်တွင် နေရာမရဘဲ အရန်အသင်းနှင့်သာ လေ့ကျင့်ခန်းဆင်းနေရသည်။ မော်ရင်ဟို၏ ထိုလုပ်ရပ်ကြောင့် ဝေဖန်မှုများ ဖြစ်လာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ပြဿနာရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း အသက် ၃၂ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါက ထိုသတင်းကို ငြင်းဆိုခဲ့သည်။

“ကျွန်တော့်ရဲ့ အန္တိမအိပ်မက်က မန်ယူမှာ ကစားရဖို့ဖြစ်ပြီ၊ အသင်းရဲ့ရည်မှန်းချက်တွေအတွက် ကူညီပေးဖို့ပါ။ ဂျိုဆေးမော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်စွမ်းရည်ကို ကျွန်တော်ယုံတယ်။ အခွင့်အရေး ရမယ်ဆိုရင် မန်ယူကို ကျွန်တော် ကူညီနိုင်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ဘယ်လိုဖြစ်မလဲ၊ တိုးတက်လာမလားဆိုတာကို ကျွန်တော် စောင့်ကြည့်ရမယ်။ ကျွန်တော် ဘောလုံးကစားတာကို ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပြောကြားခဲ့သည်။

ထို့ပြင် ပီယာလို၊ ဒေးဗစ်ဗီလာ၊ စတီဗင်ဂျရတ်တို့ရှိရာ အမေရိကန်မေဂျာလိဂ်သို့ အနာဂတ်တွင် ပြောင်းရွှေ့နိုင်ခြေ ရှိနေပြီး လက်တလောတွင် ဆုံးဖြတ်ချက် ချမည်မဟုတ်သေးဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply