စက်တင်ဘာ ၂၊ ၂၀၁၆
M-Media
– ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုမပါသော်လည်း အနိုင်ကစားနိုင်စွမ်း ရှိသည်ဟု ဗလင်စီယာ တောင်ပံကစားသမား နာနီက ပြောကြားလိုက်သည်။
ယမန်နေ့က ကစားခဲ့သည့် ယူရိုချန်ပီယံ ပေါ်တူဂီနှင့် ဂျီဘရော်တာတို့ပွဲစဉ်တွင် ပေါ်တူဂီက ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နာနီက ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။ ရော်နယ်ဒိုမှာ ယူရို ၂၀၁၆ ဖိုင်နယ် ပြင်သစ်နှင့်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ယခုအချိန်အထိ မကစားနိုင်သေးဘဲ ယမန်နေ့ပွဲတွင်လည်း မပါဝင်နိုင်ခဲ့ပေ။
သို့သော်လည်း နာနီကမူ အသင်း၏ စုပေါင်းစွမ်းရည်အား ချီးကျူးခဲ့သည်။
“အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် တော်တော်လေး ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပေမယ့် နောက်ပွဲ (ဆွစ်ဇာလန်နှင့် ကမ္ဘာဖလားခြေစစ်ပွဲ) ဟာ ပိုပြီးခက်ခဲမယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော်တို့ ပိုပြီးကြိုးစားရမှာတော့ အသေအချာပါပဲ။ ကျွန်တော်တို့ဟာ တောင့်တင်းပြီး ယုံကြည်ချက်ရှိတဲ့အသင်း ဖြစ်တယ်ဆိုတာ ပြသခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ဆန်းချက်တို့ဟာ အရေးပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေမပါဘဲ အထိုင်ကျအောင် လုပ်ရမှာပါ။ ဒီလိုလုပ်နိုင်တဲ့ ကစားသားသမားတွေလည်း ကျွန်တော်တို့မှာ ရှိနေပါတယ်” ဟု နာနီက ပြောကြားခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.