စက်တင်ဘာ ၂၊ ၂၀၁၆
M-Media
– အာဖရိကတိုက်ရှိ ဟာဗားနားဆင်များ၏ အရေအတွက်မှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး တရားမ၀င် အမဲလိုက်သတ်ဖြတ်မှုများကြောင့် မျိုတုန်းမည့်အန္တရာယ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်ဟု ၃ နှစ်တာ ကြာမြင့်ခဲ့သည့် စစ်တမ်းကောက်ယူမှုများအရ သိရသည်။
ဆာဗားနားဆင်ကောင်ရေမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ အတွင်း သုံးဆယ်ရာခိုင်နှုန်းခန့် ထိုးကျသွားပြီး၊ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းခန့် လျော့ကျနေခြင်းဖြစ်ကြောင်း Great Elephant Census ဟု အမည်ပေးထားကာ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် စစ်တမ်းကောက်ယူမှု အချက်အလက်များတွင် ဖော်ပြထားသည်။
“တကယ်လို့သာ အာဖရိကဆင်တွေကို မကယ်တင်နိုင်ဘူးဆိုရင် ကျန်တဲ့အာဖရိကတောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ ဘယ်လိုလုပ် မျှော်လင့်နိုင်မှာလဲ။ အသုံးဝင်တဲ့ ပစ္စည်းကိရိယာ၊ သုတေသန၊ ထိန်းသိမ်းမှုနဲ့ စိတ်ဆန္ဒတို့သာရှိမယ်ဆိုရင် လာမယ့်ဆယ်စုနှစ်တွေမှာ ဆင်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းသွားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဦးဆောင်လေ့လာသူဖြစ်သည့် ဆင်ဂေဟပညာရှင် မိုက် ချေ့စ်က ပြောကြားခဲ့သည်။
အဆိုပါ ဝေဟင်စစ်တမ်းကောက်ယူမှုတွင် လေယာဉ်အစီးရေပေါင်းများစွာ အသုံးပြုခဲ့ပြီး နိုင်ငံ ၁၈ နိုင်ငံခန့်ကို လှည့်လ
ည်ပျံသန်းခဲ့ခြင်းဖြစ်သည်။
အရေအတွက် လျော့ကျမှုမှာ နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီဘဲ အန်ဂိုလာ၊ မိုဇမ်ဘတ်နှင့် တန်ဇန်းနီးယားတို့တွင် ဆင်ကောင်ရေကျဆင်းမှုမှာ ပိုမိုသိသာပြီး ကွန်ဂို၊ ကင်မရွန်းနှင့် ဇမ်ဘီယာတို့တွင် မျိုးတုန်းလုနီးပါး ဖြစ်နေသည်။
တောင်အာဖရိက ဘော့စ်ဝါနာ၊ ယူဂန်ဒါ၊ ကင်ညာနိုင်ငံမှ အစိတ်အပိုင်းတစ်ချို့၊ မာလာဝီ၊ W-Arli-Pendjari ထိန်းသိမ်းရေးဒေသ စသည်တို့တွင် ဆင်အရေအတွက်မှာ တည်ငြိမ်ပြီး၊ တိုးတက်မှုများပင် ရှိနေသည်။
Ref; Aljazeera
Leave a Reply
You must be logged in to post a comment.