စက်တင်ဘာ ၇၊ ၂၀၁၆
M-Media
– လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့နှင့် သီးခြား တွေ့ဆုံရန်ရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စေရေး ဆွေးနွေးမည်ဟု သိရသည်။
ယမန်နေ့က စတင်ခဲ့သည့် အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးသို့ အမေရိကန်၊ အိန္ဒိယတို့အပါအ၀င် ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ချို့မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ အာဆီယံဆိုင်ရာ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကမူ အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးရန် မိမိတို့အား ဖိတ်ကြားထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့်လအတွင်း သမ္မတဦးထင်ကျော်မှာ အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယခု မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ဆုံမှုမှာ ထိုခရီးစဉ်၏ နောက်ဆက်တွဲလည်း ဖြစ်လာမည်ဖြစ်သည်။
“နှစ်ဖက်တွေ့ဆုံမှုမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ပိုမိုကြီးမားတဲ့ ဆက်ဆံရေးဖြစ်စေဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” ဟု ဦးကျော်ဇေယျက ပြောကြားခဲ့သည်။
Ref: mmtimes


Leave a Reply
You must be logged in to post a comment.