News @ M-Media

ပထမဆုံးသမ္မတ စပ်ရွှေသိုက်၏ နန်းတော်ကို ခရီးသွားများ ဆွဲဆောင်ရာနေရာအဖြစ် ပြုလုပ်မည်

စက်တင်ဘာ ၈၊ ၂၀၁၆
M-Media

haw

– မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက် နေထိုင်ခဲ့သည့် နန်းတော်ကို ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်နိုင်မည့် သမိုင်းဝင်နေရာအဖြစ် ပြောင်းလဲသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ပြောကြားလိုက်သည်။

ရှမ်းလူမျိုးတစ်ဦးဖြစ်သော စပ်ရွှေသိုက်မှာ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှ နောက်ဆုံး စော်ဘွားတစ်ဦးဖြစ်ပြီး ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာကာ ၁၉၅၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

‘ညောင်ရွှေဟော်’ ဟုခေါ်သည် အဆိုပါ နန်းတော်အား သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ရေးမှာ ကနဦးအဆင့်သာ ရှိသေးပြီး ၀န်ကြီးကမူ ပြင်ဆင်မှုများ ပြီးဆုံးပါက တစ်ပတ်လျှင် ၂ ည လာရောက် လည်ပတ်နိုင်မည်ဖြစ်ကာ နန်းတော်အနီးအနားတွင်လည်း ညဈေးကြီးတစ်ခုကို ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။

“သမိုင်းအမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ ၀င်ငွေတိုးစေမှာဖြစ်ပြီး ဒေသခံတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ပိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ခရီးသွား သမိုင်းဝင်နေရာအဖြစ် လုပ်ဖို့တော့ မလွယ်ပါဘူး။ ပြည်တွင်းနဲ့ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံအဉာဏ်တွေ လိုအပ်ပါတယ်”

ထိုအစီအစဉ်တွင် ဟော်နန်းအတွင်း လှည့်လည်ပြသသည့် လမ်းညွှန်များ ထားရှိခြင်း၊ ၀င်ကြေးများအား စုပေါင်းကာ ဟော်နန်း ထိန်းသိမ်းရေးဆောင်ရွက်နိုင်ရန် ကော်မတီ ဖွဲ့စည်းခြင်းတို့လည်း ပါဝင်သည်။

Ref : Irrawady

Comments

Leave a Reply