စက်တင်ဘာ ၉၊ ၂၀၁၆
M-Media
– အင်္ဂလန်က မော်ဒယ်တစ်ဦးဟာ အရှည် ၆ လက်မလောက်ရှိတဲ့ မုတ်ဆိတ်မွှးတွေကို ထားရှိပြီးတဲ့နောက် မုတ်ဆိတ်အပြည့်ရှိတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်မှတ်တမ်း ၀င်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဟာရ်နမ် ကာအူရ်ဖြစ်ပြီး သူမဟာ polycystic ovary syndrome လို့ခေါ်တဲ့ ဟိုမုန်း မထိန်းချုပ်နိုင်တဲ့ ရောဂါမျိုး ဖြစ်နေတာဖြစ်ကာ ရလဒ်အနေနဲ့ မျက်နှာမှာ အမွှေးအမျှင်တွေ ထိန်းမရအောင် ထွက်လာတာဖြစ်ပါတယ်။
ကာအူရ်ကတော့ ဒီလို ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာဟာ အဲဒီအမွှေးအမျှင်တွေကြောင့် နှစ်ပေါင်းများစွာ စိတ်ပျက်ခဲ့ရတာကို ကျော်လွှားအောင်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် မတ်လကလည်း သူမဟာ လန်ဒန်ဖက်ရှင် သီတင်းပတ် ‘London Fashion Week’ မှာ မုတ်ဆိတ်နဲ့ ပထမဆုံး ဖက်ရှက်ရှိုးလျှောက်တဲ့ မော်ဒယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။
နောက်ထပ် ဂင်းနစ်မှတ်တမ်းဝင်တဲ့ အရာကတော့ ၀က်စ် ယော့ခ်ရှိုင်းယားက ၁၀.၅၉ လက်မအရှည်ရှိတဲ့ ကြောင်ကြီးဖြစ်ပြီး ကမ္ဘာ့ခန္ဓာကိုယ်အရှည်ဆုံး ကြောင်အဖြစ် မှတ်တမ်းဝင်ခဲ့ကာ၊ နော့သ်ဝေးလ်က ကက်စ်ပါလို့ခေါ်တဲ့ ကုလားအုတ်ကလည်း ၃ ပေ ၈.၅ လက်မမြင့်တဲ့ ဘားတန်းကိုခုန်ကာ အမြင့်ဆုံး ဘားတန်းခုံနိုင်တဲ့ ကုလားအုတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: BBC
Leave a Reply
You must be logged in to post a comment.