News @ M-Media

နျူထိပ်ဖူးစမ်းသပ်မှု အောင်မြင်ပြီဟု မြောက်ကိုရီးယား ကြေငြာ

စက်တင်ဘာ ၉၊ ၂၀၁၆
M-Media

north-4

– ယနေ့မနက်က ပြုလုပ်ခဲ့သည့် မိမိတို့၏ နျူကလီးယားထိပ်ဖူး စမ်းသပ်မှုမှာ အောင်မြင်ခဲ့သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး အမေရိကန်၏ ရန်လိုမှုကို တုန့်ပြန်ရန်ဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယား ဇလဗေဒဌာနက မြောက်ကိုရီးယားတွင် ပြင်းအား ၅.၃ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ပြီး နျူကလီယားဗုံး စမ်းသပ်ဖောက်ခွဲမှုဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ပြီးနောက် မြောက်ကိုရီးယား၏ ယခုကြေငြာမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

“မြောက်ကိုရီးယားက သိပ္ပံပညာရှင်တွေဟာ သူတို့ကိုယ်တိုင် ထီထွင်ထားတဲ့ နျူထိပ်ဖူးရဲ့ စွမ်းအားကို သုံးသပ်ဖို့အတွက် နိုင်ငံမြောက်ပိုင်း နျူစမ်းသပ်နယ်မြေမှာ ဖောက်ခွဲခဲ့ပါတယ်” ဟု မြာက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ကြေငြာခဲ့သည်။

ထို့ပြင် အာဏာရ အလုပ်သမားပါတီ၏ ဗဟိုကော်မတီမှာ အဆိုပါ သိပ္ပံပညာရှင်များကို ချီးကျူးခဲ့ကြောင်း၊ ယခုအောင်မြင်မှုကြောင့် မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားသည့် နျူကလီးယားထိပ်ဖူး အကြီး၊ အသေး မျိုးစုံကို လိုအပ်သလို ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ထည့်သွင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ ထိုနေရာတွင် ၄ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply