စက်တင်ဘာ ၁၃၊ ၂၀၁၆
M-Media
– နိုင်ငံတောင်ပိုင်းရှိ မိမိတို့၏ စစ်ဖက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခဲ့သည့် အစ္စရေး တိုက်လေယာဉ်နှင့် ဒရုန်းလေယာဉ်တို့ကို ပစ်ချခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ယနေ့တွင် ကြေငြာလိုက်သည်။
အဆိုပါ အစ္စရေးလေယာဉ်များမှာ နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဆီးရီးယား၏ စစ်ဖက်ဆိုင်ရာ နေရာများကို တိုက်ခိုက်စဉ်အတွင်း နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က သိရှိခဲ့ပြီးနောက် ပစ်ခတ်ချေမှုန်းခဲ့ခြင်းဟု နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။
တိုက်လေယာဉ်ကို Quneitra ဟူသည့်အရပ်တွင် ပစ်ချခဲ့ခြင်းဖြစ်ပြီး ဒရုနုးလေယာဉ်ကိုမူ Sasa ဆိုသည့် နေရာတွင် ပစ်ချခဲ့ခြင်းဖြစ်သည်။ အစ္စရေးမှာ ယနေ့မနက်ပိုင်းက Quneitra ရှိ ဆီးရီးယာ၏ အမြှောက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
အစ္စရေးစစ်တပ်ကမူ ဆီးရီးယားက ၎င်းတို့၏ လေယာဉ်များ ပစ်ချသည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဒုံးကျည်များပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိဟု ပြောကြားခဲ့သည်။
အစ္စရေးမှာ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းဒေသကို ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲက သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ ပိုင်နက်အဖြစ် သွတ်သွင်းခဲ့ကာ နိုင်ငံတကာအ၀ိုင်းအ၀ိုင်းက အစ္စရေး၏ ထိုလုပ်ရပ်အား ရှုတ်ချထားသည်။
Ref: PressTV


Leave a Reply
You must be logged in to post a comment.