အောက်တိုဘာ ၁၃၊ ၂၀၁၆
M-Media
– ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းတွင် ခြေစွမ်းပြနေသည့် အီတလီတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီမှာ ယခုနှစ်တွင် ဂိုး ၂၀ ကျော် သွင်းယူနိုင်မည်ဟု မန်စီးတီးနည်းပြဟောင်း မန်စီနီက ပြောကြားလိုက်ပြီး အောင်ပွဲခံရာတွင် အင်္ကျီမချွတ်ရန်လည်း သတိပေးခဲ့သည်။
လီဗာပူလ်းနှင့် အေစီမီလန်တို့တွင် မအောင်မြင်ခဲ့သည့် ဘာလော့တယ်လီမှာ လက်ရှိတွင် နိုက်စ်အသင်း၌ ခြေစွမ်းကောင်းများ ပြသနေပြီး ပြိုင်ပွဲအားလုံးတွင် ၅ ပွဲ ပါဝင်ကစားကာ ၆ ဂိုး သွင်းယူပေးထားသည်။ အင်တာ၊ မန်စီးတီးနှင့် အီတလီအသင်းတို့တွင် ဘာလော့တယ်လီနှင့် လက်တွဲခဲ့ဖူးသည့် မန်စီနီကမူ တပည့်ဟောင်း အကောင်းဆုံးအနေအထား ပြန်ရောက်လာမှုအတွက် ၀မ်းသာနေသည်။
“မာရီယိုနဲ့ပတ်သက်ပြီး လူတိုင်းမှာ ပြောစရာတစ်ခုခုတော့ ရှိနေတတ်ပါတယ်။ ဒါတွေက သူ့အတွက် ညည်းငွေ့ဖွယ်တွေဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက လက်ဖျားခါလောက်တဲ့ ကစားသမားပါ။ သူလုပ်လိုက်တဲ့အရာတိုင်းက အထူး စပါယ်ရှယ်ပါပဲ။ နိုက်စ်မှာ အနည်းဆုံး ဂိုး ၂၀ လောက်တော့ သူသွင်းပါလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ သူ့အင်္ကျီကိုတော့ သတိထားရပါလိမ့်မယ်။ ဂိုးသွင်းတယ်ဆိုတဲ့ သူ့အတွက် ထမင်းစားရေသောက်ပါပဲ” ဟု မန်စီနီက ပြောကြာဲး့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.