ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
M-Media

– အရှေ့အလယ်ပိုင်းက ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ နှစ်သစ်ကူးညမှာ ဂျာမန်အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ သတင်းတွေဟာ လုပ်ကြံသတင်းတွေသာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
ဖရန့်ဖတ်မြို့မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဒီသတင်းကို ဂျာမနီပြည်တွင်းထုတ် Blid သတင်းစာမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပြီး အလယ်ပိုင်း Hesse ပြည်နယ် ဒုက္ခသည် ခိုလှုံရာစခန်းကလာတဲ့ အမျိုးသားအုပ်စုဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖရန့်ဖတ်က Fressgass လမ်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ နာမည်ကြီး စားဖိုမှူး ဂျာမိုင်းနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အင်တာဗျူးကိုလည်း ထည့်သွင်းထားပြီး၊ ဂျာမိုင်းက သူ့ဆိုင်ထဲကို အာရပ်အမျိုးသား ၅၀ လောက် ၀င်ရောက်လာကာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး ဂျာကင်တွေလည်း ခိုးသွားခဲ့ကြောင်း၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကတော့ အဲဒီလူတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို သူကိုယ်တိုင် ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီဆောင်းပါးကို Blid က ဖြုတ်ချခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဒီသတင်းတွေဟာ မမှန်သတင်းတွေဖြစ်တယ်လို့ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကအင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
“မျက်မြင်သက်သေလို့ ဆိုတဲ့သူတွေ၊ ဧည့်သည်တွေ၊ အလုပ်သမားတွေကို တွေ့ဆုံမေးမြန်းမှုတွေအရ ဒီအဖြစ်အပျက်တွေရဲ့ သတင်းတွေဟာ တော်တော်လေး သံသယ၀င်စရာ ဖြစ်နေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ဆိုသူ တစ်ဦးဟာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တယ်လို့ သတင်းထွက်တဲ့အချိန်မှာ အဲဒီနေရာမှာတောင် ရှိမနေခဲ့ပါဘူး” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Ref: The Local