ဇွန် ၂၊ ၂၀၁၇
M-Media
– အမေရိကန်မှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှ ထွက်တော့မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် အိမ်ဖြူတော်၌ ကြေငြာခဲ့သည်။
ထိုသို့ မကြေငြာခင် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ထရမ့်က ကွန်ဂရက်သို့ အကြောင်းကြားခဲ့ပြီး ရီပက်ဘလစ်ကန်အမတ်များက ငြင်းခုံမှုများ ရှိလာနိုင်သည်။
ထရမ့်ကမူ ၎င်း၏ တစ်ခုတည်းသော တာဝန်မှာ ‘အမေရိကနှင့် ပြည်သူများအား’ ကာကွယ်ရန်ဖြစ်ပြီး အမေရိကန်အနေဖြင့် ‘ပဲရစ် ရာသီဥတု သဘောတူညီချက်မှ ထွက်မည်ဖြစ်သော်လည်း ပြန်လည်လက်ခံရေး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရေး၊ သို့မဟုတ် အမေရိကန်အတွက် မျှတမည့် သတ်မှတ်ချက်များ ပါဝင်သော သေ
ဘာတူညီချက် အသစ် ရရှိရေး’ စတင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပဲရစ်သဘောတူညီချက်မှာ အမေရိကန်အတွက် အကျိုးမရှိဘဲ အခြားတိုင်းပြည်များအတွက်သာ အကျိုးဖြစ်ထွန်းစေကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။
ထိုသို့ နှုတ်ထွက်ခြင်းတွင် Green Climate Fund တွင် အမေရိကန်က ထည့်ဝင်နေသည့် ငွေကြေးများ ရပ်တန့်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။ ထရမ့်က ထိုကဲ့သို့ ငွေကြေးထည့်ဝင်ရခြင်းမှာ အမေရိကန်ကို အကုန်အကျများစေသည်ဟု ပြောကြားဖူးသည်။
၂၀၁၆ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့သည့် အဆိုပါ သဘောတူညီချက်အရ နှုတ်ထွက်သည့် လုပ်ငန်းစဉ်မှာ ၄ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။
ထရမ့်၏ ထိုဆုံးဖြတ်ချက်ကြောင့် နိုင်ငံ့ခေါင်းဆောင်အချို့နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ရှုတ်ချခဲ့ကြသည်။
Ref: Aljazeera