News @ M-Media

မနီလာရှိ ကာဆီနိုရုံတွင် လူဖြူတစ်ဦးက သေနတ်ဖြင့် ၀င်ပစ်မှု ဖြစ်ပွား

ဇွန် ၂၊ ၂၀၁၇
M-Media

– ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာဆီနိုရုံတစ်ခုတွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှု၊ လောင်းကစားစက်များကို မီးရှို့မှုတစ်ခု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်အတွင်း လူ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

Resorts World Manila ကာဆီနိုရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၃၆ ဦးမှာ အသက်ရှုကြပ်ခြင်း၊ မီးခိုးမွှန်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ အော်စကာ အလ်ဘာယာလ်ဒီက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့မှာ ထိုအဖြစ်အပျက်အား ဓားပြတိုက်မှုဟု စောစောပိုင်းက ပြောကြားခဲ့သည်။ သေနတ်သမားမှာ လက်နက်ကိုင် ရဲများကို ပစ်ခတ်ခြင်း၊ လောင်းကစားခုံများကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ပြီးနာက် မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့သည်။

အလ်ဘာယာဒီကမူ သေနတ်သမားမှာ ကော့ကေးရှန်းလူမျိုးဖြစ်ပြီး၊ အင်္ဂလိပ်စကားပြောကြောင်း၊ လူကောင်ကြီးပြီး အသားဖြူသည့်အတွက် နိုင်ငံခြားသားတစ်ဦး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ သေနတ်သမားထံမှ သေနတ်နှစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။

နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် IS နှင့်ဆက်နွယ်သည့် သူပုန်အဖွဲ့နှင့် တိုက်ခိုက်နေရမှုကြောင့် ဖိလစ်ပိုင်မှာ လုံခြုံရေးကို မြှင့်ထားပြီး မင်ဒါနာအိုကျွန်းတွင်လည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည်။

Ref: Aljzeera