News @ M-Media

တရုတ်က ပြည်တွင်းဖြစ် ဖျက်သင်္ဘော ပုံစံသစ်ကို ထုတ်ဖော်ပြသ

ဇွန် ၂၈၊ ၂၀၁၇
M-Media

– တရုတ်နိုင်ငံမှာ ပြည်တွင်းဖြစ် ပုံစံသစ် စစ်သင်္ဘောတစ်စီးကို ယနေ့တွင် ထုတ်ဖော်ပြသလိုက်ပြီး တရုတ်ရေတပ် ခေတ်မီရေး ဆောင်ရွက်ရာတွင် နောက်ဆုံးပေါ်ထွက်လာသည့် တိုးတက်မှုဖြစ်သည်။

ဖျက်သင်္ဘောအမျိုးအစား အဆိုသင်္ဘောမှာ ဖျက်သင်္ဘောငယ် 052D ကို ဆက်ခံမည့် 055 ၏ ပထမမျိုးဆက်ဖြစ်သည်ဟု ယုံကြည်ရကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန Global Times က ဖော်ပြခဲ့သည်။

တန်ချိန် တန်တစ်သောင်းရှိသည့် ထိုဖျက်သင်္ဘောမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ ဒုံးကျည်ကာကွယ်ရေး၊ သင်္ဘောဖျက်ဒုံးနှင့် ရေငုပ်သင်္ဘောဖျက်ဒုံးများ ကာကွယ်ရေးစနစ်သစ်ကို တပ်ဆင်ထားက နောက်ဆုံးအဆင့် စမ်းသပ်မှုကို ပြုလုပ်သွားမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အငြင်းပွားများဖြင့် တင်းမာနေသည့်အချိန်တွင် တရုတ်မှာ ၎င်း၏ စစ်အင်းအားကို ဖြည့်တင်းမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီလကလည်း ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောတစ်စင်းကို ထုတ်ပြခဲ့သည်။

စစ်တပ်ကို ခေတ်မီစစ်တပ်ဖြစ်လာအောင် ဆောင်ရွက်နေသည့် တရုတ်မှာ အခုနှစ်အတွင်း စစ်ရေးဘက်ဂျက်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဟု ကြေငြာခဲ့သည်။ တရုတ်မှာ ဆယ်စုနှစ် ၂ ခုကြာ ကာကွယ်ရေးဘက်ဂျက်ကို ၁၀ ရာခိုင်နှုန်းကျော် သုံးစွဲခဲ့ပြီးနောက် ၁၀ ရာခိုင်နှုန်းအောက် ပြန်လည်လျှော့ချခဲ့ရာမှ ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် တိုးမြှင့်သုံးစွဲလာခဲ့သည်။

Ref: BBC