News @ M-Media

စစ်ပွဲတွေနဲ့ အဆိုးဝါးဆုံး လူမှုကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ယီမင်

သြဂုတ် ၉၊ ၂၀၁၇
M-Media

– အာရပ်ဒေသက အာဏာရှင်တွေကို ပြည်သူတွေက ဖြုတ်ချဖို့ ကြိုးစားတဲ့ ၂၀၁၁ ခုနှစ်ကနေစပြီး မတည်မငြိမ်ဖြစ်လာတဲ့ ယီမင်နိုင်ငံဟာ အခုအချိန်မှာ ပြည်တွင်းစစ်ဝဲဂယက်ထဲ ရှောက်ရှိနေပါပြီ။

ရှီအာအတိုက်အခံအုပ်စု၊ အာဏာရှင်ဟောင်းဆာလေကို ထောက်ခံတဲ့အုပ်စု၊ ဆော်ဒီဦးဆောင်တဲ့ နိုင်ငံခြား မဟာမိတ်အုပ်စု၊ ပြည်ပြေးသမ္မတ ဟာဒီကို ထောက်ခံတဲ့အုပ်စု စတဲ့အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာဟာ
လတ်တလော ပြေလည်ဖို့ အလားအလာ မရှိပါဘူး။

အလ်ကိုင်ဒါးနဲ့ IS တို့ကလည်း ဒီမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူတို့သြဇာကြီးထွားအောင် ဆောင်ရွက်လာကြပါတယ်။

မြေဇာပင်ဖြစ်ရတာကတော့ ပြည်သူတွေဖြစ်ပြီး သောင်းနဲ့ချီသေဆုံးကာ၊ ၃ သန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီအခြေအနေမှာ သန့်ရှင်းတဲ့သောက်သုံးရေမရတာ၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မျိုး မရှိတာကြောင့် နိုင်ငံတစ်ဝှမ်းမှာ ၀မ်းရောဂါလည်း ကူးစက်ဖြစ်ပွားနေပါတယ်။

ချက်ခြင်းလိုအပ်တဲ့ အကူအညီတွေသာမရရင် ယီမင်ပြည်သူ ၁၇ သန်းလောက်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

အာရပ်ဒေသရဲ့ အဆင်းရဲဆုံး ယီမင်နိုင်ငံရဲ့ အခြေအနေတွေကို ဒီဗီဒီယိုမှာ အပြည့်အစုံ ရှုစားရမှာပါ။