News @ M-Media

မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး

စက်တင်ဘာ ၂၁၊ ၂၀၁၇
M-Media

မွတ်စလင်ဆန့်ကျင်ရေးဘုန်းကြီး Apichart Punnajanto

– အစ္စလာမ်သာသနာကို စော်ကားတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ထိုင်းတောင်ပိုင်း ဆွန်ခလာပြည်နယ်က ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး ဒူဆစ် ပရွမ်ဆင်က ဘုန်းကြီးတစ်ပါးဖြစ်တဲ့ Apichart Punnajanto ကို ရာဇ၀တ်မှုနှိမ်နှင်းရေး ဌာနက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဌာန တာဝန်ရှိသူတွေကတော့ ဒီလိုဖမ်းဆီးမှုဟာ အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုကြောင့် ဖြစ်တယ်လို့ ဆိုပြီး အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Apichart Punnajanto ဟာ မွတ်စလင်ဆန့်ကျင်ရေး စကားတွေ တော်တော်များများ ပြောဆိုသူဖြစ်ပြီး နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေးသမားတွေက ဘုန်းကြီးတစ်ပါးကိုသတ်ရင် ဗလီတစ်လုံး ဖြိုရမယ်လို့ ပြောဆိုမှုကြောင့် သူ့ကို လူသိများလာတာဖြစ်ပါတယ်။

Ref : Bangkokpost