News @ M-Media

ပုပ်ရဟန်းမင်းကြီးနှင့် ကမ္ဘာ့မွတ်စလင်လိဂ် အတွင်းရေးမှူးတို့ တွေ့ဆုံ

စက်တင်ဘာ ၂၁၊ ၂၀၁၇
M-Media

– ဗာတီကန်သို့ ရောက်ရှိနေသည့် ကမ္ဘာ့မွတ်စလင်လိဂ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရင် အလ်-အီဆာမှာ ယမန်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

အလ်-အီဆာက အစွန်းရောက်ဝါဒ၊ အကြမ်းဖက်မှုများကို အစ္စလာမ်နှင့် ချိတ်ဆက်ပြောဆိုခြင်းမှာ မှားယွင်းသော ပြောဆိုမှုသာ ဖြစ်ပြီး၊ ထိုလုပ်ရပ်များမှာ အစ္စလာမ်နှင့် မပတ်သက်ကြောင်း၊ ဘာသာတရားတိုင်းတွင် အစွန်းရောက်သမားများရှိကြောင်း ပုပ်ရဟန်းမင်းကြီး၏ ရပ်တည်ချက်အပေါ် ကျေနပ် ပီတိဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

တွေ့ဆုံမှုအတွင်း ခေါင်းဆောင်နှစ်ဦးမှ ဘာသာနှစ်ခုအကြား ဘုံအကျိုးစီးပွားဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ဟန်ချက်ညီရေး ကိစ္စများ၊ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်ရေး၊ မေတ္တာတရား ပြန့်နှံ့ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မှုများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲပြီးနောက် ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အီဆာတို့မှာ လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

Ref: Alarabiya