အောက်တိုဘာ ၅၊ ၂၀၁၇
M-Media

– ရက်အနည်းငယ်အတွင်း လွတ်လပ်ရေး ကြေညာတော့မည်ဟု ကာတာလိုနီယာခေါင်းဆောင် Carles Puigdemont က BBC သတင်းဌာနသို့ ပြောကြားလိုက်ပြီး စပိန်ဘုရင် ဖိလစ်ပီ (၆) ၏ အင်္ဂါနေ့ည မိန့်ခွန်းအပေါ် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ကာတာလိုနီယာဒေသ ခွဲထွက်ရေး ပြည့်သူဆန္ဒခံယူပွဲအား စပိန်ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖြိုခွဲမှုကို ဆန့်ကျင်သောအားဖြင့် ထောင်သောင်းချီသော ကာ့တ်လန်ပြည်သူများမှာ အင်္ဂါနေ့က ဘာစီလိုနာတွင် ဆန္ဒပြခဲ့ကြသည်။
စပိန်ဘုရင်ကြီးက ကာ့တန်လန်ခေါင်းဆောင်များမှာ တားမြစ်ထားသည့် ပြည်သူ့ဆန္ဒခံယူပွကို ကျင်းပကာ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများကို ဖျက်ဆီး၍၊ ကာ့တ်လန် လူ့အဖွဲ့အစည်းအား သွေးခွဲနေသည်ဟု ပြောကြားခဲ့သည်။
Puigdemont က ထိုပြောကြားချက်ကို လက်မခံဘဲ ၎င်း၏ ဒေသအစိုးရမှာ ယခုသီတင်းပတ်အဆုံးပိုင်း၊ သို့မဟုတ် လာမည့်တစ်ပတ် အစပိုင်းတွင် လွတ်လပ်ရေး ကြေငြာသွားမည်ဟု ပြာကြားခဲ့သည်။
ထိုကြေငြာမှုကို စပိန်အစိုးရက ၀င်ရောက်စွက်ဖက်ကာ ကာတာလိုနီယာအစိုးရအား ထိန်းချုပ်ရန် ကြိုးစားပါက မည်ကဲ့သို့ ဖြစ်မည်နည်းဟု BBC သတင်းဌာနက မေးမြန်းသည့်အခါတွင် ၎င်းက ထိုသို့ဆောင်ရွက်မှုမှာ အရာအားလုံးကို ပြောင်းလဲသွားနိုင်မည့် အမှားတစ်ခု ဖြစ်လာမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ၉၀ ရာခိုင်နှုန်းက ကာတာလိုနီယာဒေသ ခွဲထွက်ရေးအတွက် မဲပေးခဲ့ကြသည်။
Ref : Alarabiya