News @ M-Media

အီဂျစ်ပိရမစ်တွင် အခန်းဝှက်တွေ့ရှိခဲ့ပြီး ဖာရိုဘုရင်များအကြာင်း စိတ်ဝင်စားမှု မြင့်တက်ဖွယ်ရှိ

နိုဝင်ဘာ ၄၊ ၂၀၁၇
M-Media

– အီဂျစ်နိုင်ငံ ဂီဇာရှိ မဟာပိရမစ်ကြီးတွင် အခန်းဝှက်တစ်ခုကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပြီး ၁၉ ရာစု နောက်ပိုင်းမှစ၍ ပထမဆုံး တွေ့ရှိမှုလည်းဖြစ်ကာ ဖာရိုဘုရင်များ၏ လျှို့ဝှက်ချက်များအကြောင်း စိတ်ဝင်စားမှု မြင့်တက်လာဖွယ် ရှိနေသည်။

ကြာသာပတေးနေ့က Nature ဂျာနယ်တွင် ပါဝင်သော ဆောင်းပါတစ်ပုဒ်၌ မီတာ ၃၀ နက်သော အဆိုပါ အခန်းဝှက်မှာ ပိရမစ်၏ ဟောခန်းအပေါ်တွင် တည်ရှိနေပြီး၊ မည်သည့်ရည်ရွယ်ချက်ကြောင့် ထိုအခန်းထားရှိခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဖော်ပြခဲ့သည်။

သိပ္ပံပညာရှင်များက cosmic-ray ရောင်ခြည်ဖြင့် အုတ်နံရံများကို ဖောက်ထွင်းကာ ပုံဖော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုင်ရိုမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည့် အဆိုပါ ဂီဇာမဟာရိပရစ်ကို ဘီစီ ၂၅၀၉ မှ ၂၄၈၃ ခုနှစ်အထိ အုပ်ချုပ်မင်းလုပ်ခဲ့သော ၄ ဆက်မြောက် ဖာရိုဘုရင် ခူဖူက တည်ဆောက်ထားခြင်းဖြစ်ပြီး ခူဖူပိရမစ်ဟုလည်းခေါ်သည်။

ပိရမစ်အလယ်ရှိ ဟောခန်းကို လမ်းလျှောက်ဝင်ရောက်နိုင်သော လှိုင်ခေါင်းဖြင့် ဆက်သွယ်ထားပြီး ယခုတွေ့ရှိခဲ့သည့် အခန်းဝှက်မှာ အတွင်းလမ်းကြောင်းများနှင့် ဆက်စပ်မှုမရှိပေ။

စူးစမ်းမှုတွေ ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များက ယခုတွေ့ရှိမှုမှာ ရှေးဟောင်းသမိုင်းဆိုင်ရာ ဖော်ထုတ်မှုနယ်ပယ်တွင် ခေတ်သစ် သိပ္ပံပညာ၏ အသုံးဝင်မှုကို မီးမောင်းထိုးပြခဲ့သည့် ဖောက်ထွက်မှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂီဇာရှိ ပိရမစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ အရင်က တည်ဆောက်ထားခဲ့ပြီး ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် ပိရမစ်ကြီးများဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ဝင်စားမှုကိုလည်း ခံရသည့်နေရာဖြစ်သည်။

အဆိုပါပိရမစ်များအား မည်ကဲ့သို့ တည်ဆောက်ခဲ့သလဲဆိုသည်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များအကြား ထင်မြင်ချက် ကွဲလွဲမှုများ ယန့အချိနအထိ ရှိနေသည်။

Ref; Khaleejtimes