News @ M-Media

ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်

မတ် ၃၀၊ ၂၀၁၈
M-Media

– ပါကစ္စတန်နိုင်ငံမှာ ကီလိုမီတာ ၄၅၀ အထိ ရောက်ရှိနိုင်ပြီး ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ခရုဇ်ဒုံးကျည် Babur ကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။

ပြည်တွင်း၌ထုတ်လုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်ကို ရေအောက်တွင် ရွေ့လျားနေသည့် အရာတစ်ခုပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်နှုန်းများအတိုင်း ပျံသန်းသွားကာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်၏ မီဒီယာတစ်ခုဖြစ်သော ISPR က ဖော်ပြခဲ့သည်။

“SLCM Babur ဟာ ဘယ်လို ၀န်ချိန်မျိုးကိုမဆို တင်ဆောင်သွားလို့ရပြီး ရေအာက်တွန်းကန်အား ထိန်းချုပ်စနစ်၊ အဆင့်မြင့် ပဲ့ထိန်းစနစ်နဲ့ လမ်းကြောင်းရှာ လုပ်ဆောင်ချက်တွေအပါအ၀င် နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားတဲ့ ဒုံးကျည်ဖြစ်ပါတယ်”

ထို့ပြင် အဆိုပါဒုံးကျည်မှာ ပါကစ္စတန်၏ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်မှု၊ မိမိကိုယ်ကို အားကိုးမှု ပေါ်လစီဖြင့် ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရာတွင် ယခုတိုးတက်မှုက ခြေလှမ်းတစ်ခု ဖြစ်မည်ဟုလည်း ISPR က ထည့်သွင်းဖော်ပြခဲ့သည်။

ပါကစ္စတန်သမ္မတနှင့် ၀န်ကြီးချုပ်တို့က ဒုံးကျည်တီထွင်မှုတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အခြားသူများကို ကျေးဇူးင်ကြောင်း ပြောကြားခဲ့သည်။

Ref: Arab News