News @ M-Media

ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

ဧပြီ ၁၁၊ ၂၀၁၈
M-Media

နှစ်ဖက် တွေ့ဆုံမှုတစ်ခု

– ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ပြင်သစ်ခရီးစဉ်အတွင်း ကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ စီးပွားရေးသဘောတူညီချက် အခု ၂၀ ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ထိုအထဲမှ အရေးပါဆုံးမှာ ဆော်ဒီ၏ Aramco ကုမ္ပဏီနှင့် ပြင်သစ်မှ ထိပ်တန်း ရေနံကုမ္ပဏီ Total တို့အကြား သဘောတူညီချက်များဖြစ်သည်။ ကုမ္ပဏီနှစ်ခုမှာ ဆော်ဒီတွင် ကန်ဒေါ်လာ ၇.၂ ဘီလီယံတန် ရေနံထွက်ပစ္စည်းစက်ရုံ တည်ဆောက်ရေးနှင့် ကန်ဒေါ်လာ ၃ ဘီလီယံတန် ကုန်သွယ်ရေးကိစ္စများအတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆော်ဒီတွင် လေယာဉ်အင်ဂျင်များ ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆော်ဒီနှင့် ပြင်သစ်တို့က သဘောတူညီခဲ့ကြသည်။

ဆော်ဒီစွမ်းအင်နှင့် စက်မှုဝန်ကြီး ခါလစ် အလ်-ဖာလီဟ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး မဂျစ် အလ်-ကာဆာဘီတို့ မနေ့က နှစ်ဖက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

ပြင်သစ်မှာ ဆော်ဒီတွင် တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ထားသည့် နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး ရှိနေသည်။

Ref: Alarabiya