News @ M-Media

ဒုရဲမှူးမိသားစုအား လိုင်းခန်းမှနှင်ချသည့်လုပ်ရပ် အမှန်မပြောရဲအာင် လုပ်ဆောင်မှုဟု ဝေဖန်ခံရ

ဧပြီ ၂၁၊ ၂၀၁၈
M-Media

ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး

– ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က အကွင်ဆင်ဖမ်းဆီးခဲ့တဲ့ကိစ္စကို ဖွင့်ချလိုက်တဲ့ ဒုရဲမှူးရဲ့ မိသားစုဟာ ရဲလိုင်းခန်းကနေ ဒီနေ့မှာ နှင်ချခံခဲ့ရပြီး ဒီလုပ်ရပ်အတွက် ပြည်သူတွေကြားထဲမှာ ဝေဖန်သံတွေလည်း ညံနေပါတယ်။

သတင်းထောက်တွေဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ထိန်းသိမ်းခံရတဲ့ ဒုရဲမှူး မိုးရန်နိုင်က ဒီသတင်းထောက်တွေကို လျှို့ဝှက် စာရွက်စာတမ်းတွေပေးပြီး ထောင်ဖမ်းဖို့ ရဲချုပ် တင်ကိုကို ကိုယ်တိုင်က စီစဉ်ခဲ့တာဖြစ်တယ်လို့ မနေ့ကရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။

ဒုရဲမှူးမိုးရန်နိုင်တဲ့ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ဟာ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်နှစ်ယောက်နဲ့ တွေ့ဆုံမေးမြန်းခဲ့မှုအတွက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

မနေ့က ဒီလိုပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဟာ နေပြည်တော်က ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

“ဒီမနက်မှာ ရဲအရာရှိတစ်ယောက်က ကျွန်မတို့ကို ဖုန်းခေါ်ပြီး လိုင်းခန်းကနေ ချက်ခြင်းဖယ်ရမယ်လို့ ပြောပါတယ်။ အထက်က အမိန့်လို့လည်း ပြောပါတယ်” လို့ ဇနီးဖြစ်သူ ဒေါ်သူက ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ကို ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။

“ဒါက တော်တော်ဆိုးတဲ့လုပ်ရပ်ပါ။ ဒီတိုင်းပြည်မှာ အမှန်တရား ပြောလို့မရဘူးဆိုတာ အခြားရဲတပ်ဖွဲ့ဝင်တွေအတွက် ဒါက နမူနာပါပဲ” လို့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ရောဘတ်စန်းအောင်က ပြောကြားခဲ့ပါတယ်။

Ref: Wahington Post