News @ M-Media

မက္ကာ-မဒီနာ အမြန်ရထားလိုင်းသစ်ကို ယခုနှစ် စင်တင်ဘာတွင် စတင်ပြေးဆွဲမည်

မေ ၇၊ ၂၀၁၈
M-Media

– တစ်နာရီကို ကီလိုမီတာ ၃၀၀ ကျော် သွားနိုင်တဲ့ မက္ကာ-မဒီနာ ရထားလမ်းသစ်ကို အခုနှစ် စက်တင်ဘာလမှာ စတင်ပြေးဆွဲသွားမယ်လို့ ဆော်ဒီက ကြေငြာလိုက်ပါတယ်။

အဲဒီ ဟာရာမိန်း လျှပ်စစ်အမြန်ရထားဟာ အရှေ့အလယ်ပိုင်းမှာ အမြန်ဆုံးရထား ဖြစ်လာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အစပိုင်း အပြည့်အ၀ ပြေးဆွဲနိုင်တဲ့အချိန်ရောက်ရင် တစ်နှစ် လူ သန်း ၆၀ လောက်ကို သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ရထားလမ်းအရှည်ဟာ ကီလိုမီတာ ၄၅၀ ရှိပြီး ကင်းအဘ်ဒူလာ စီးပွားရေးမြို့တော်ကို ဖြတ်ပြီး ဖောက်ထားတာ ဖြစ်ပါတယ်။

ဆော်ဒီ သယ်ယူပို့ဆောင်ရေးဝန်ကြီး နဘီလ် ဘင် မိုဟာမက် အလ်-အေမူဒီက ဆော်ဒီရဲ့ ၂၀၃၀ မဟာဗျူဟာ စီမံကိန်းမှာ သယ်ယူပို့ဆောင်ရေးကို တိုင်းပြည်စီးပွားရေးရဲ့ အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ထားပြီး ဟာရာမိန်း ရထားလိုင်းအပြင်၊ အခုလအတွင်း ဂျစ်ဒါမှာ လေဆိပ်အသစ်တစ်ခု ဖွင့်လှစ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref : Arabnews