News @ M-Media

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် လူတစ်သောင်းကျော် ဘေးလွတ်ရာရွှေ့ရ

ဇူလိုင် ၂၆၊ ၂၀၁၈
M-Media

– လတ်တလော မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ၁၆၀၀၀ ကျော် ရှိနေပါတယ်။

ရေကြီးမှုဟာ ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်က အဆိုးဝါးဆုံး ခံစားခဲ့ရပါတယ်။

ဖားအံဒေသခံတွေက နှစ်စဉ် ရေကြီးမှုကို ကြုံတွေ့ခဲ့ရပေမယ့် ဒီနှစ်ရေကြီးမှုဟာ အရင်ကထက် အများကြီးပိုဆိုးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖားအံမြို့မှာ လူပေါင်း တစ်သောင်းကျော်လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖိလစ်ပိုင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများနဲ့ ဂျပန်တို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

လာအိုမှာ ရေကာတာတစ်ခု ကျိုးပေါက်မှုကြောင့် လူတော်များများသေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးနေပါတယ်။

Ref: BBC