News @ M-Media

နျူထိပ်ဖူးတပ်နိုင်သည့် ဒုံးကျည်တစ်စင်းကို ပါကစ္စတန် အောင်မြင်စွာ စမ်းသပ်

အောက်တိုဘာ ၁၀၊ ၂၀၁၈
M-Media

– နျူပ်ထိပ်ဖူးတ နျူထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်မယ့် ဒုံးကျည်စနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်က ကြေငြာလိုက်ပါတယ်။

မြေပြင်က မြေပြင်ပစ် Ghauri Ballistic Missile ဖြစ်ပြီး ပါကစ္စတန်စစ်တပ်ရဲ့ မဟာဗျူဟာစစ်ဌာနချုပ် (ASFC) က တနင်္လာနေ့မှာ စမ်းသပ်ခဲ့ကာ ကီလိုမီတာ ၁၃၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။ နျူထပ်ဖူးအပြင်၊ အခြား ဒုံးထိပ်ဖူးတွေကိုလည်း တပ်ဆင် ပစ်ခတ်နိုင်မှာပါ။

“ဒါဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်တဲ့ ပါကစ္စတန်ရဲ့ နျူစွမ်းအားကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်” လို့ ပြည်တွင်း ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ပြိုင်ဘက် အိန္ဒိယနဲ့ ဆွေးနွေးဖို့ စီစဉ်ထားမှု ပျက်ပြယ်သွားပြီးတဲ့နောက်ပိုင်း ပါကစ္စတန်ရဲ့ ဒီစမ်းသပ်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းရဲ့ ဆွေးနွေးပွဲ ဖိတ်ကြားမှုကို အိန္ဒိယက အစောပိုင်းမှာ လက်ခံခဲ့ပေမယ့် ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယရဲတွေ သေဆုံးခဲ့ပြီးတဲ့နောက် ဆွေးနွေးပွဲကို အိန္ဒိယဖက်က ဖျက်ခဲ့ပါတယ်။

အိန္ဒိယဟာ ပြီးခဲ့တဲ့တစ်ပတ်က ရုရှားနဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အပါအ၀င် လက်နက် တော်တော်များများ ၀ယ်ယူဖို့အတွက်ရုရှားနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Ref: RT