အောက်တိုဘာ ၃၀၊ ၂၀၁၈
M-Media

– အစ္စရေးကို အသိအမှတ်ပြုမှု၊ အစ္စရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ PLO ရဲ့ ဗဟိုကောင်စီ PCC က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ရာမာလာဟ်ဒေသမှာ ၂ ရက်တာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် ပဲရစ်စီးပွားရေး သဘောတူညီချက်အောက်က ကိစ္စတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
အစ္စရေးကို အသိအမှတ်ပြုခဲ့တဲ့ အော်စလို သဘောတူညီချက်ရဲ့ တရားဝင်မှုကိုလည်း PCC က ပယ်ဖျက်ခဲ့ပါတယ်။
လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို အစ္စရေးက တစ်စိုက်မတ်မတ် ငြင်းပယ်နေတဲ့အတွက် ဒီလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ၁၉၆၇ ခုနှစ်က နယ်နမိတ်တွေအတိုင်း ပါလက်စတိုင်းကို အစ္စရေးက အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ဗဟိုကောင်စီက ပြောကြားခဲ့ပါတယ်။
PCC ရဲ့ ဆုံးဖြတ်ချက်ကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ PLO အမှုဆောင်ကောင်စီတို့က အတည်ပြုရမှာ ဖြစ်ပါတယ်။
မဟ်မူးဒ်အဘတ်စ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တင်သွင်းတဲ့ ဘယ်လိုငြိမ်းချမ်းရေး အစီအစဉ်ကိုမှ လက်ခံမှာမဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး ဒီအစီအစဉ်ကို သမိုင်းဝင်ပါလက်စတိုင်းဒေသမှာ ဂျူးနိုင်ငံပေါ်ပေါက်စေခဲ့တဲ့ ဗြိတိသျှအစိုးရရဲ့ ဘဲလ်ဖိုးကြေငြာချက်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
Ref : Aljazeera