ဒီဇင်ဘာ ၂၃၊ ၂၀၁၈
M-Media
– အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် အနည်းဆုံး သေဆုံးသူ ၂၀ ရှိပြီး အဆောက်အဦး ပြိုကျပျက်ဆီးမှု၊ ဒဏ်ရာရမှုတွေလည်း ရှိတယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
Anak Krakatoa မီးတောင် လှုပ်ရှားရာကနေ ဆွန်ဒါရေလက်ကြား ပင်လယ်အောက်မှာ မြေပြိုပြီး ဆူမားတြားနဲ့ ဂျာဗားကျွန်း အစွန်အဖျားတွေမှာ ဆူနာမီရေလှိုင်းတွေ တက်လာတာ ဖြစ်ပါတယ်။
ဆူနာမီကြောင့် ဒဏ်ရာရသူ အရေအတွက်ဟာ ၁၇၀ နီးပါး ရှိနေပြီး အဆောက်အဦး ပြိုကျပျက်ဆီးမှုတွေ ရှိတာကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှား မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဆူနာမီဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင်ပေါင်း ၁၂၇ ခုလောက်ရှိပြီး မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှုတွေကြောင့် ဘေးအန္တရာယ်တွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။
စက်တင်ဘာလကလည်း အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီကျွန်းမှာ ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပေါ်တာကြောင့် လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref: BBC