News @ M-Media

အိန္ဒိယမှ ကမ္ဘာ့အသက်အကြီးဆုံးဆင် သေဆုံး

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
M-Media

အင်္ဂါနေ့က သေဆုံးသွားသည့် ကမ္ဘာ့အသက်အကြီးဆုံး ဆင် Dakshayani

– အိန္ဒိယက ကမ္ဘာအသက်အကြီးဆုံးလို့ ယူဆရတဲ့ ဆင်မကြီးတစ်ကောင်ဟာ အခုတစ်ပတ်အစောပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

Dakshayani လို့ အမည်ပေးထားတဲ့ အဲဒီဆင်မကြီးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် Chengalloor Mahadeva ဟိန္ဒူဘုရားကျောင်းက ဆင်ဖြစ်ပြီး ဘုရားကျောင်တဲ့ ဘာသာရေးပွဲတော်တွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်အလွန်ကြီးတာကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ပွဲတော်တွေမှာ ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ တိရစ္ဆာန်ဆရာဝန်က ဆင်မကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစာမစားတော့ဘဲ အင်္ဂါနေ့မှာ သေဆုံးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘုရားကျောင်းကို စီမံခန့်ခွဲနေတဲ့ ဂေါပကအဖွဲ့က Dakshayani ဆင်မကြီးဟာ ဖမ်းဆီးထားတဲ့ ဆင်တွေထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး ၈၈ နှစ်ရှိပြီလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းမှာ အသက်အကြီးဆုံးဆင်အဖြစ် မှတ်တမ်းတင်ထားတဲ့ဆင်ဟာ တရုတ်က Lin Wang ဖြစ်ပြီး ၂၀၀၃ ခုနှစ် အသက် ၈၆ နှစ်မှာ သေဆုံးခဲ့ပါတယ်။ Lin Wang ဟာ ဒုတိယကမ္ဘာစစ်က ဗြိတိသျှစစ်တပ်အတွက် အမှုထမ်ပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အသက် ၈၅ ကနေ ၉၀ အတွင်းရှိတယ်လို့ဆိုတဲ့ ဆင်တစ်ကောင်သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးအသုံးပြုနေတဲ့ ဆင်ပေါင်း ၂၄၀၀ လောက်ရှိနေပါတယ်။ ဟိန္ဒူဘုရားကျောင်းတွေမှာ ဘာသာရေးဓလေ့ထုံးတမ်းအတွက် အသုံးပြုနေတဲ့ ဆင်ပေါင်း ၈၀၀ လောက်ရှိပြီး ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရတယ်လို့ ယူကေအခြေစိုက် ဆင်စောင့်ရှောက်ရေးအဖွဲ့ Action for Elephant အဖွဲ့က ပြောပါတယ်။

Ref: BBC