News @ M-Media

တူရကီ ဗိသုကာအဖွဲ့က သာမန်ဗလီများမှခွဲထွက်သည့် ဒီဇိုင်းသစ်တစ်ခု ရေးဆွဲ

စက်တင်ဘာ ၉၊ ၂၀၁၉
M-Media

-တူရီနိုင်ငံ အရှေ့တောင်ပိုင်းက အူရ်ဖာမြို့မှာ ဆောက်လုပ်မယ့် ဗလီဝတ်ကျောင်းတော် တစ်လုံးအတွက် ဗိသုကာအဖွဲ့တစ်ခုက သာမန်ဒီဇိုင်းတွေနဲ့ ခွဲထွက်ပြီး သဘာဝကို ရောင်ပြန်ဟပ်စေမယ့် ဒီဇိုင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။

BeOffice Architects အဖွဲ့က ကမ္ဘ္ဘာတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်တွေမှာတွေ့ရတဲ့ အချွန်အတက်ဒီဇိုင်းမျိုး မဟုတ်ဘဲ စက်ဝိုင်းပုံစံ ဆွဲထားတာပါ။ သစ်ပင်ပန်းမာလ်တွေနဲ့ စိမ်းစိုမှုကို အဓိကထားကာ သဘာဝအလင်းရောင်း အပြည့်အ၀ ရရှိဖို့လည်း ပညာရှင်တွေက ထည့်သွင်းစဉ်းစားထားပါတယ်။ မင်နာရတ်မျှော်စင်တော့ လေးထောင့်ဖြစ်ပါတယ်။

ဝတ်ပြုဆောင်အပြင် ကလေးငယ်တွေကို အခြေခံဘာသာရေးအသိပညာ သင်ကြားပေးနိုင်မယ့် စာသင်ဆောင်တွေ၊ စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမတွေလည်း ပါဝင်ပါတယ်။

ဗလီဝတ်ကျောင်းတော်ရဲ့ ပရဝုဏ်ကို ကျယ်ကျယ်ဝန်းဝန်းထားပြီး သစ်ပင်တွေ၊ ရေပန်းတွေ၊ ချောင်းငယ်လေးတွေ သာသာယာယာနဲ့ စိတ်အပန်းဖြေ ကြည်နူးစရာနေရာတစ်ခုအဖြစ် ဗိသုကာပညာရှင်တွေက ဖန်တီးထားသလို၊ ဗလီဆောက်လုပ်ရေးနဲ့ လည်ပတ်ရေးအတွက် သဘာဝပစ္စည်းတွေကိုသာ လေ့လွင်းမှုအနည်းဆုံးနဲ့ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

BeOffice Architects အဖွဲ့က ဗလီကို ၀တ်ပြုရာနေရာတစ်ခုအဖြစ်ထက် ပညာရေး၊ လူမှုရေး
ပံ့ပိုးကူညီပေးတဲ့နေရာ၊ ပြည်သူလူထုအကြား စုစည်းညီညွတ်စေတဲ့ နေရာတစ်ခုအဖြစ် ရည်ရွယ်ကာ ဒီဇိုင်းဆွဲထားတာလို့ ပြောကြားခဲ့ပါတယ်။

Ref: Archdaily