News @ M-Media

ကမ္ဘ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးကို ကင်ညာနိုင်ငံတွင် စတင်အသုံးပြုမည်

စက်တင်ဘာ ၁၃၊ ၂၀၁၉
M-Media

-နှစ်ပေါင်း ၃၀ ကြာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ကမ္ဘ္ဘာပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးကို ကင်ညာနိုင်ငံမှာ သောကြာနေ့ကစပြီး တရားဝင် ထိုးပေးတော့မှာ ဖြစ်ပါတယ။

ဒီကာကွယ်ဆေးကို ကလေးငယ်တွေ ပုံမှန်ထိုးနေကျ ကာကွယ်ဆေး အစီအစဉ်မှာ ထည့်သွင်းမှာဖြစ်ပြီး ၂ နှစ်မပြည့်ခင်မှာ ၄ ကြိမ်ထိုးရမှာပါ။ လာမယ့် ၃ နှစ်အတွင်း ကင်ညာနိုင်ငံက ကလေးငယ် ၃ သိန်းကျော်လောက်ကို ထိုးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အခုကာကွယ်ဆေးဟာ ငှက်ဖျားပိုး ကာကွယ်နိုင်စွမ်းကို ကိုယ်ခံစွမ်းအားထဲမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

စမ်းသပ်မှုတွေအရ ကလေးငယ် ၁၀ ဦးမှာ ၄ ဦးကို ငှက်ဖျားရောဂါ ကာကွယ်ပေးနိုင်တာ တွေ့ရပြီး၊ ဆိုးရွားတဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုကိုလည်း ၃ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။

ခြက်ကိုက်တာကနေတစ်ဆင့် ကူးစက်တဲ့ ငှက်ဖျားရောဂါကြောင့် ကမ္ဘ္ဘာတစ်ဝှမ်း လူ ၄ သိန်းကျော်လောက်သေဆုံးပြီး အများစုက ကလေးငယ်တွေ ဖြစ်ပါတယ်။

အခုကာကွယ်ဆေးကြောင့် ကမ္ဘ္ဘာပေါ်မှာ သက်တမ်းရှည်ကြာပြီး လူသေဆုံးမှုအများဆုံးဖြစ်တဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရာမှာ သိသိသာသာ ပြောင်းလဲမှု ရှိလာလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

အခုဆေးကို အခုနှစ်အစောပိုင်းက မာလာဝီ၊ ဂါနာနဲ့ ကင်ညာနိုင်ငံတို့မှာ ရှေ့ပြေးစမ်းသပ်ခဲ့ပြီး ​အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။

Ref: BBC