News @ M-Media

စိတ်ကျန်းမာရေးချို့ယွင်းနေသူ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်

မေ ၃၀၊ ၂၀၂၀
M-Media

-အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းအရပ်သားတစ်ဦးဟာ အစ္စရေးရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒီကနေ့မှာ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားသူဟာ အသက် ၃၂ နှစ်အရွယ် အီယာ့ဒ် အလ်-ဟာလက်ဆိုသူဖြစ်ပြီး အရှေ့ဂျေရုစလင် မြို့ဟောင်းက စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်ကာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ အဲဒီစာသင်ကျောင်းနဲ့ မနီးမဝေးမှာပဲ အစ္စရေးရဲတပဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာပါ။

အလ်-ဟာလက်ဟာ စိတ်ကျန်းမာရေး အနည်းငယ်ချို့ယွင်းနေသူတစ်ယောက်ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖဲလ်ဒ်က တပ်ဖွဲ့ဝင်တွေဟာ ပစ္စတိုနဲ့ သဏ္ဍာန်တူတဲ့ သံသယဖြစ်ဖွယ် အရာ၀တ္ထုတစ်ခုကို အလ်-ဟာလက်မှာတွေ့ခဲ့ရပြီး လိုက်ဖမ်းရာမှာ သေနတ်နဲ့ ပစ်ခဲ့မိတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ရာနေရာမှာ ဘယ်လိုလက်နက်မျိုးမှ မတွေ့ခဲ့ဘူးလို့လည်း ရိုဆန်ဖဲလ်ဒ်က ဆိုပါတယ်။

ဒီအဖြစ်အပျက်အဖြစ်ပွားပြီးတဲ့နောက် အစ္စရေးရဲတပ်ဖွဲ့ဟာ မြို့ဟောင်းကို ပိတ်ပစ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ ဂျာနယ်လစ်တွေကို ဝင်ခွင့် မပေးခဲ့ပါဘူး။ ဒါ့အပြင် အလ်-ဟာလက်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေကာ မိသားစုတွေိကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

သောကြာနေ့ကလည်း အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့ပြီး သေဆုံးသူဟာ ကားနဲ့ဝင်တိုက်ဖို့ ကြိုးစားတဲ့အတွက် ပစ်ခဲ့ရတာလို့ ထုတ်ပြန်ပါတယ်။

Ref: Aljazeera