News @ M-Media

ဒါရွှလ်အိုလူမ်း ( ဒေယိုဘန် )ကျောင်းအုပ် မောင်လာနာ Marghoobur Rahman ကွယ်လွန်

အစ္စလာမ်နှင့်အကြမ်းဖတ်ဝါဒ လားလားမှ မသက်ဆိုင် ကြောင်း ၊ အပြစ်မဲ့ သူအား တိုက်ခိုက်သတ်ဖြတ် ခြင်းသည် အစ္စလာမ် သင်ကြား ချက်များကို ဆန့်ကျင်နေကြောင်း ၂၀၀၈ ခုနှစ် တွင် ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်ပေးခဲ့သူ ၊ဒါရွလ်အိုလူးမ်း ဒေယိုဘန်တွင် အင်္ဂလပ် ၊ ဂျာနယ် လစ်ဇင် ၊ ကွန်ပြူတာ စခေတ်မှီသင်ကြားရေး ဘာသာရပ်များ ထည့်သွင်း သင်ကြား ပေးနိုင်ခဲ့သူ  ၊  အိန္ဒိယနိုင်ငံ၏ အထင်ကရ သာသနာ့ တက္ကသိုလ် ဖြစ်သော ဒါ၇ွလ်အိုလူမ်ကျောင်းအုပ်အဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူအသက် ၉၆နှစ် အရွယ် ရှိ  မောင် လာနာ Marghoobur Rahman   သည် ဒီဇင်ဘာ ၈ ရက်ဗုဒ္ဓဟူး နေ့တွင်ကွယ်လွန်ခဲ့ပေပြီ။ သူဇာတိမြို့ Bijnor ရှိနေအိမ် တွင် သဟ်ဂျူဒ်ဆွလာဟ၀တ်ပြုပြီး အနားယူနေစဉ် တွင် သက်ကြီး နာမကျန်းရောဂါဖြင့်  အလ္လဟ်အမိန်တော်ခံယူခဲ့ကြောင်း indianexpress သတင်းတွင်ဖေါ်ပြထားသည်။ %