News @ M-Media

စစ်ကောင်စီ၏ ပြည်သူအပေါ် အကြမ်းဖက်မှုကို မထောက်ခံဟု ရုရှားဆိုပြန်

မတ် ၃၀၊ ၂၀၂၁
M-Media

(ဓာတ်ပုံ – တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး)

-အာဏာသိမ်းစစ်ကောင်စီနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးရှိပေမယ့် နိုင်ငံအတွင်း ပြည်သူတွေ သေဆုံးမှုမြင့်တက်နေတာကိုတော့ စိုရိမ်မိတယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ရုရှားဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံထားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စနေနေ့က တပ်မတော်နေ့အခမ်းအနားကိုလည်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီအပြုအမူအတွက် ရုရှားကို ကမ္ဘာ့အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချနေကြတာပါ။

ပက်စ်ကော့ဗ်က စစ်ကောင်စီနဲ့ ဆက်ဆံရေးက ပြည်သူအပေါ် သတ်ဖြတ်မှုကို ထောက်ခံတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒီဆက်ဆံရေးက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေကို သဘောတူလက်ခံတာမျိုး လုံး၀ မဟုတ်ပါဘူး။ အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာတာအတွက် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်”

ရုရှားဟာ တပ်မတော်နေ့မှာ တိုက်​လေယာဉ်၊ ရဟတ်ယာဉ်နဲ့ တင့်ကားတစ်ချို့ ပါဝင် စစ်ရေးပြခဲ့ပါတယ်။

Ref: The Nation