News @ M-Media

မန်ယူအသင်းက နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်

နိုဝင်ဘာ ၂၁၊ ၂၀၂၁
M-Media

-နည်းပြဆိုလ်းရှားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ မန်ချက်စတာယူနိုက်တက်အသင်းက ကြေငြာလိုက်ပါတယ်။

အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဒီဆုံးဖြတ်ချက်ဟာ ဝမ်းနည်းစွာချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က အသင်းကို ယာယီ ကိုင်တွယ်သွားမှာပါ။

“အိုလေးရဲ့ မနနေမနား ကြိုးပမ်းအားထုတ်မှုတွေအတွက် အသင်းက ကျေးဇူးတင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်လာဖို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကစားသမားတစ်ယောက်အဖြစ်သာမဘဲ ကျွန်တော်တို့ကို ကြီးကျယ်တဲ့အခိုက်အတန့်တွေ ဆောင်ကျဉ်းပေးနိုင်ခဲ့သူ နည်းပြတစ်ယောက်အဖြစ် အသင်းရဲ့သမိုင်းမှာ သူ့အတွက် အမြဲတမ်း နေရာတစ်နေရာ ရှိနေမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကို ဘယ်အချိန်ပဲ ပြန်လာပြန်လာ မန်ချက်စတာ ယူနိုက်တက် မိသားစုဝင်တစ်ဦးအဖြစ် အမြဲတမ်း ကြိုဆိုနေမှာပါ”

မန်ယူဟာ မနေ့က ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားတာ​ ဖြစ်ပါတယ်။ အသင်းကလည်း အဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက ချယ်ဆီးနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ဆိုလ်းရှားကို မော်ရင်ဟိုနေရာမှာ အစားထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လမှာ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ခုကို ထပ်မံ ချုပ်ဆိုခဲ့ပါတယ်။

Ref: BBC