အမေရိကန်နိုင်ငံ တက္ကသိုလ်များ၌ အာရဘီဘာသာ သည် ကျောင်းသားများစွာ၏ တဟုန်ထိုး စိတ်ဝင်းစား မှု ရရှိနေပြီး လွန်ခဲ့သော ၂၀၀၆ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၄၆% ကျောင်းဝင်နှုန်း မြင့် တက်လာကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်က ဖေါ်ပြထားသည်။ အင်္ဂလိပ်နှင့် အာရဘီ စာပေ တို့သည် ကျောင်းသားများစိတ်အ၀င်စားဆုံးဘာသာစကားများစာရင်း၌ လက်တင်နှင့် ရုရှား ဘာသာစကားများကို ခုန်ကျော် ကာ အမှတ်စဉ်၈တွင် ဦးဆောင် နေသည်ဟု ခေတ် သစ် ဘာသာစာပေ အစည်းအရုံး (MLA) က ပြုလုပ်သော ယင်းစစ်တမ်းက ဆိုသည်။ အဆိုပါ စစ်တမ်းအရ အခြားနိုင်ငံများတွင် ကိုးရီးယားဘာသာ က ၁၉% ၊ တရုတ်ဘာသာက ၁၈.၂% ၊ပေါ်တူဂီဘာသာ က ၁၁%ဖြင့် ကျောင်းဝင်နှုန်း မြင့်တက်လာ သည်ဟု သိရသည်။ အမေရိကန်တွင် စပိန်ဘာသာ မှာ အင်္ဂလိပ်ဘာသာထက် ကျောင်းသားများ စိတ်အ၀င်စားဆုံး ဘာသာဖြစ်လျက်ရှိနေပြီး ယခုနှစ်တွင် ကျောင်းသားပေါင်း ၈၆၅၀၀၀ ကျော်( ၂၀၀၆ထက် ၅% ) ဆည်ပူးနေကြသည်။ ၄င်းနောက်တွင်ပြင်သစ်ဘာသာအားကျောင်းသား ၂၁၆၀၀၀ဦး ၊ ဂျာမန် ဘာသာအား ကျောင်းသား ၉၆၀၀၀ ဦးယခုနှစ်တွင်လေ့လာဆည်းပူနေကြသည်။ ၄င်းစစ်တမ်းတွင် ထူးခြားသည်မှာ ပြင်သစ်နိုင်ငံ၌ အဓိကရုဏ်း ၊ မငြိမ်မသက် မှုများဖြစ်ပွားခဲ့ သည့် ၁၉၆၈ ခုနှစ်ချိန်ကာလတွင် ပြင်သစ်ဘာသာအား စိတ်ဝင်စားမှု ပမာဏအမြင့်ဆုံး ဖြစ ခဲ့ပြီး ကျောင်းသားပေါင်း ၃၈၈၀၀၀ ဦး က လေ့လာဆည်းပူခဲ့သည်ကို တွေ့ရှိရသည်။ ထို့အတူကင်ညာနိုင်ငံနှင့်တန်ဇေနီးယား နိုင်ငံရှိ အမေရိကန်သံရုံးများ ဗုံးခွဲခံရချိန်ဖြစ်သော ၁၉၉၈ ခုနှစ်၌ အာရဘီဘာသာအား သင်ယူသူ ၅၅၀၀ဦးရှိခဲ့ပြီး ၂၀၀၂ခုနှစ်တွင်သင်ယူသူ ၁၀၅၈၄ ဦး ထိမြင့် တက်လာခဲ့သည်။ အီရတ်နိုင်ငံအား အမေရိကန် ကျုးကျော်ပြီး နောက်ပိုင်း ယခုနှစ်တွင် အာရဘီသင်ယူသူ ကျောင်းသားပေါင်း ၃၅၀၀၀ ကျော်ထိ တိုးတက်လာခဲ့ကြောင်း အဆိုပါစစ်တမ်းတွင် ပါရှိသည်။ ယင်းစစ်တမ်းအားအမေရိကန် တက္ကသိုလ်ကောလိပ်ပေါင်း ၂၅၁၄ တွင် အချက်အလက်ကောက် ယူလေ့လာခဲ့ခြင်းဖြစ်ကြောင်း ခေတ် ဘာသာစာပေ အစည်း အရုံး (MLA ) ဆိုသည်။
Leave a Reply
You must be logged in to post a comment.