News @ M-Media

ပြည်သူကနှုတ်ထွက်ခိုင်းနေသည့် ၀န်ကြီးချုပ် သီရိလင်္ကာသမ္မဖြစ်လာ

ဇူလိုင် ၂၀၊ ၂၀၂၂
M-Media

(ဓာတ်ပုံ – ရာနီလ် (၀ဲ)နှင့် ထွက်ပြေးသွားသည့် သမ္မတဟောင်း ဂိုတာဘာယာ (ယာ))

-ပြည်သူလူထုက နှုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီဟာ ဒီကနေ့မှာ သမ္မတသစ် ဖြစ်လာပါတယ်။

လွှတ်တော်မဲခွဲရာမှာ ထောက်ခံမဲ ၁၃၄ မဲနဲ့ ပြိုင်ဘက်ကို ၅၁ မဲကွာပြီး အရွေးခံလိုက်ရတာပါ။ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ တိုင်းပြည်က ထွက်ပြေးသွားပြီးတဲ့နောက် ရာနီလ်က ယာယီသမ္မအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ရာနီလ်ဟာ ဂိုတာဘာယာရဲ့ မဟာမိတ်ဖြစ်ပြီး ပြည်သူလူထုက နှုတ်ထွက်ခိုင်းတဲ့သူတွေထဲမှာ ပါ၀င်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် သမ္မတအိမ်တော်ကို လူထုရဲ့ စီးနင်းမှုမှာ ရာနီလ်ရဲ့အိမ်ကိုလည်း ပြည်သူတွေက ၀င်စီးကာ မီးရှို့ခဲ့ပါတယ်။

ရာနီလ် သမ္မတသစ်ဖြစ်လာတဲ့အတွက် စိတ်ပျက်ကြောင်း ပြည်သူလူထုက ဆိုရှယ်မီဒီယာတွေမှာ ပေါ်ပေါ်ထင်ထင်ပဲ ရေးသားလာကြပါတယ်။

ရာနီလ်ဟာ ၂၀၂၄ ခုနှစ် နို၀င်ဘာအထိ သမ္မတတာ၀န် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Ref: BBC