News @ M-Media

ရုရှားလက်ထဲမှ နယ်မြေများကို ယူကရိန်းက ပြန်သိမ်းလာနိုင်ပြီ

စက်တင်ဘာ ၁၁၊ ၂၀၂၂
M-Media

-ရုရှားရဲ့ ကျူးကျော်မှုကို တန်ပြန်ထိုးစစ်ဖွင့်လာတဲ့ ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်းက ရုရှားလက်ထဲရောက်နေတဲ့ အဓိကနယ်မြေတစ်ချို့ကို ပြန်လည်သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။

ရုရှားက ပစ်မှတ်ထား သိမ်းပိုက်တဲ့ နိုင်ငံအရှေ့ပိုင်း Kharkiv ပြည်နယ်မှာရှိပြီး ရထားပို့ဆောင်ရေး အချက်အခြာဖြစ်ကာ ရုရှားတပ်ရဲ့ ထောက်ပို့လမ်းကြောင်းမှာ အဓိကကျတဲ့ Kupiansk မြို့၊ အဲဒီအနားက Izyum မြို့၊ နောက်ထပ် အဓိမြို့ဖြစ်တဲ့ Balaklyia တို့ အပါအ၀င် နယ်မြေတော်တော်များများကို အခုတစ်ပတ်အတွင်း ယူကရိန်းတပ်တွေက ပြန်သိမ်းနိုင်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေး၀န်ကြီးဌာနကလည်း ဒီမြို့တွေက တပ်ပြန်ဆုပ်ရကြောင်း အတည်ပြုပါတယ်။

မနေ့ညက တိုင်းပြည်ကိုပြောတဲ့ ဗီဒီယိုမိန့်ခွန်းမှာ သမ္မတ ဇဲလင်စကီးက အခုလအစောပိုင်းက စတင်ခဲ့တဲ့ တန်ပြန်ထိုးစစ်မှာ စကွဲယားမိုင် ၇၇၀ လောက်ရှိတဲ့ နယ်မြေတွေကို ရုရှားရဲ့သိမ်းပိုက်မှုကနေ လွတ်မြောက်စေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပမာဏရဲ့ ထက်၀က်လောက်ကို ၄၈ နာရီအတွင်းမှာ ယူကရိန်းတပ်တွေက ပြန်သိမ်းနိုင်ခဲ့တာပါ။

ယူကရိန်းနိုင်ငံခြားရေး၀န်ကြီး ဒီမီထရို ကူလီဘာက အနောက်နိုင်ငံတွေရဲ့ လက်နက်အကူအညီနဲ့မိမိတို့တပ်တွေဟာ ရုရှားကို မျှော်လင့်ထားတာထက် ပိုစောပြီး တိုက်ထုတ်နိုင်လိမ့်မယ်ဆိုတာ အခုအောင်မြင်မှုက သက်သေပြနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC