News @ M-Media

ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရထားတိုက်မှု အိန္ဒိယတွင် ဖြစ်ပွား

ဇွန် ၃၊ ၂၀၂၃
M-Media

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်မှာ မနေ့က ရထားချင်း တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၃၃ ဦး သေဆုံးခဲ့ပါတယ်။

ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ရာကနေ နောက်ရထားတွေက ထပ်ဆင့် တိုက်မိကြတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်က ၉၀၀ လောက် ရှိပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးဒဏ်ရာရသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရထားလိုင်းကွန်ယက်ရှိတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ အစိုးရက ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားပေးမယ့်လည်း ရထားစနစ်ဟာ အားနည်းနေသေးပြီး မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မတော်တဆမှုဟာ ၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဘီဟာပြည်နယ်က ခရီးသည်တင်ရထားတစ်စီးဟာ မုန်တိုင်းအတွင်း ခုတ်မောင်းနေစဥ် ရထားလမ်းကျိုးကာ မြစ်ထဲကျသွားခဲ့ပြီး အနည်းဆုံး လူ ၈၀၀ လောက် သေဆုံးခဲ့ပါတယ်။

Ref: BBC