News @ M-Media

ရုရှား၏ နောက်ဆုံးပေါ်လက်နက်များကို ကြည့်ရှုခဲ့သည့် ကင်ဂျုံအွန်

စက်တင်ဘာ ၁၆၊ ၂၀၂၃


M-Media 

-ရုရှားကို အလည်အပတ်ရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေ အပါအ၀င် ရုရှားရဲ့ နောက်ဆုံးပေါ် လက်နက်တွေကို ကြည့်ရှုခဲ့ပါတယ်။ 

ရုရှားနိုင်ငံအရှေ့ပိုင်းက လက်နက်စက်ရုံတွေ၊ အာကာသနဲ့ နည်းပညာ လုပ်ငန်းတွေကို စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကင်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

ရုရှား ကာကွယ်ရေး၀န်ကြီး ဆာဂျီရှိုဂူနဲ့ အခြားတာ၀န်ရှိသူတွေက Kinzhal လို့ အမည်ပေးထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ ဗျူဟာမြောက် နျူဗုံးကြဲလေယာဥ်တွေကို လိုက်လံပြသခဲ့ပါတယ်။ 

ကင်ဟာ အဲဒီကနေတစ်ဆင့် မြောက်ကိုရီးယားကို ပြန်မှာပါ။ 

၄ ရက်တာ သွားရောက်ခဲ့တဲ့ ခရီးစဥ်မှာ ကင်ဂျုံအွန်ဟာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ပြီး စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။ 

လေ့လာဆန်းစစ်သူတွေက ဆွေးနွေးမှုမှာ မြောက်ကိုရီးယားထံကနေ ရုရှားက လက်နက်တွေ ၀ယ်ယူရေး၊ မြောက်ကိုရီးယား လေတပ်ကို အဆင့်မြှင့်တင်ပေးရေး စတာတွေ ပါ၀င်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ 

Ref: Reuters