News @ M-Media

တရုတ် ကာကွယ်ရေး၀န်ကြီး ဘယ်ရောက်နေလဲ

စက်တင်ဘာ ၁၅၊ ၂၀၂၃

M-Media


-တရုတ် ကာကွယ်ရေး၀န်ကြီး လီရှောက်ဖူဟာ ရာထူးကနေ ဖယ်ရှားခံရပြီး ကွန်မြူနစ်ပါတီရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့ အမေရိကန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြလာကြပါတယ်။ 

လီရှောက်ဖူကို သြဂုတ်လ ၂၉ ရက်နေ့က အာဖရိကနိုင်ငံများ လုံခြုံရေးဖိုရမ်မှာ နောက်ဆုံးတွေ့ခဲ့ရတာပါ။  

ထောက်လှမ်းရေးရင်းမြစ်တွေအရ လီဟာ ရာထူးကနေ ဖယ်ရှားခံရပြီး၊ စုံးစမ်းစစ်ဆေးမှု ခံနေရတယ်လို့ အမေရိကန်အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ်လောက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပြီး၊ ဘာ့ကြောင့် စုံစမ်းစစ်ဆေးမှု ခံနေရလဲဆိုတာကို မဖော်ပြထားပါဘူး။ 

အမေရိကန်အစိုးရက မီဒီယာတွေရဲ့ ဒီဖော်ပြချက်ကို တုန့်ပြန်ခြင်း မရှိပါဘူး။ 

သမ္မတရှီကျင့်ဖျင် သံမဏိ၀ါဒနဲ့ အုပ်စိုးနေနတဲ့ တရုတ်ခေါင်းဆောင်ပိုင်းမှာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အကွဲအပြဲတွေ ပိုမိုဖြစ်ပွားလာပါတယ်။  

နိုင်ငံခြားရေး၀န်ကြီး ကျင်ဂန်ဟာ ဇူလိုင်လမှာ ရုတ်တရက် လူမြင်ကွင်းကနေ ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ ရာထူးက ထုတ်ပယ်လိုက်တယ်လို့ သတင်းထွက်လာပါတယ်။ 

နျူလက်နက်တွေကို ကိုင်တွယ်တဲ့ ဒုံးကျည်တပ်ဖွဲ့ခေါင်းဆောင်ကိုလည်း တရုတ်ကွန်မြူနစ်ပါတီက ဇူလိုင်လမှာ ဖယ်ရှားအစားထိုးခဲ့ပါတယ်။ 

ဘာ့ကြောင့် ဒီလို ဖယ်ရှားလဲဆိုတာကို တရုတ်အစိုးရဖက်က မထုတ်ပြန်ပါဘူး။ 

Ref: CNA